တသွေမတိမ်း ep3(unicode)

181 20 3
                                    

အပိုင်း၃.....
              "သောက သားရေ ဒီကို ခနလာထိုင်အုံး အမေပြောစရာရှိတယ်" စနေနေ့ကျောင်းပိတ်ရက်တွင် အိမ်အပေါ်ထပ်မှဆင်းလာပြီး ရေသောက်ရန်မီးဖိုချောင်သို့အဝင်တွင် အမေလှမ်းပြောသောစကားကြောင့်ခြေလှမ်းသို့ရပ်တန့်လိုက်တယ်။

           "မနက်ဖြန် နေ့လည် ၂နာရီကနေ၅နာရီထိကို physis,chemistry ဆရာမလာလိမ့်မယ် သူက စနေ,တနင်္ဂနွေ အပတ်တိုင်းလာလိမ့်မယ်။eng ဆရာမက ကျောင်းဖွင့်ရက်ညနေပိုင်း၄နာရီကနေ၆နာရီထိ ကျက်စာဆရာမက ၆ခွဲကနေ၈ခွဲထိဝင်မယ် ကျောင်းပိတ်ရက်ကတော့ အမေ တစ်ချိန်ပဲထားပေးထားတယ် သားနားနားနေနေ စာကျက်လို့ရအောင်လို့ အဆင်ပြေတယ်မလား သား" အမေ့ရဲ့တရစပ်ပြောကြားမှုသည်သောကအတွက်မထူးဆန်းတော့ပေ။သူလုပ်ချင်တာလုပ်ပြီးမှ အဆင်မပြေဘူးပြောလည်း မဖြစ်ဖြစ်အောင်လုပ်ရမှာပဲကို စကားအရ မေးခြင်းသာဖြစ်တယ်။

          "အဆင်ပြေပါတယ်အမေ" ထိုသို့ပြောလိုက်တော့ အမေသည် ကျေနပ်သောရုပ်အသွင်ဖော်ဆောင်တယ်။

        " ommomm သား ဗိုက်ဆာလို့လား ဆင်းလာတာ"မီးဖိုချောင်ထဲဝင်မှာကိုသတိထားမိသည်ထင်တယ်။

         "မဟုတ်ပါဘူးရေသောက်မို့ပါ"
အမေသည်ခေါင်းညိမ့်ကာ သွားလေဆိုပြီး ခပ်တိုးတိုးပြောတယ်။သားအမိချင်း ပြောစရာစကားမှရှိမနေပဲ။ဒီအတိုင်းသာ ထသွားလိုက်မိတော့တယ်။
........................................
          "မာမီ့ ဟီးဟီး" မီးဖိုချောင်ထဲအလုပ်ရှုပ်နေသော မာမီ့ကို နောက်ကနေလှမ်းဖက်ကာ စလိုက်တယ်။

         "အမလေး ကိုနေရယ် မာမီ ဓားကိုင်ထားရင်ဘယ်လိုလုပ်မလဲ ချော်ပြီး ထိုးမိအုံးမယ် ဒီကလေးရှေ့မကြည့်နောက်မကြည့်နဲ့နော်" မာမီသည် အသံအေးအေးဖြင့် ဆူသလိုလေးပြောတယ်။ဘယ်ရမလဲ။နေလင်းရောင်ပဲလေ။

          "ဟွန့် မာမီက သားမှဂရုမစိုက်ပဲ မနက်ခင်းထဲက မီးဖိုချောင်ထဲမှာအကြာကြီး အလုပ်ရှုပ်နေတာကို" နှုတ်ခမ်းကြီးရှေ့ချော်ထိုးလို့ရလောက်သည်အထိ ထော်ထားလိုက်တယ် ။ဟုတ်တာပဲလေ မာမီသည် အရင်က ဒီအချိန်ဆို  အကုန်ချက်ပြီးပြီပဲကို။ ဒီနေ့မှမီးဖိုချောင်ထဲမှာ အကြာကြီးဟင်းတွေချက်နေတယ်။

တသွေမတိမ်း Where stories live. Discover now