//Unicode//
အပိုင်း(၅၄၂) 'သူခိုး'
ကြီးမားသည့်မြို့တံခါးကြီးများကို မြို့ထဲသို့
ဝင်လိုသည့်လူများအားစေ့စေ့စပ်စပ်စစ်ဆေးမေးမြန်း
နေသည့်အစောင့်အယောက်၂၀က စောင့်ကြပ်နေ
သည်။ သူတို့တစ်ယောက်စီတိုင်းက အင်ပါယာအဆင့်
နှင့်ဧကရာဇ်အဆင့်ကြားတွင်ရှိကြလေသည်။ကျိရန်မြို့ကို အဝင်သာခွင့်ပြုထားပြီး
ထွက်ခွာခြင်းကိုတားမြစ်ထားသော်လည်း
တစ်သက်လုံးဒီအတိုင်းပဲရှိနေနိုင်မည်မဟုတ်ပေ။ဤသည်အား လူတစ်ဦးတစ်ယောက်မှတွေးမိလျှင်
အခြားသူတွေကလည်းတွေးမိပေလိမ့်မည်။
ထို့ကြောင့်ပင် မြို့ထဲဝင်ကြသည့်လူများ
အများအပြားရှိနေသည်။ မြို့တံတိုင်းကြီးအပြင်ဘက်
တွင် စောင့်ကြည့်လေ့လာနေသည့်လူအုပ်ကြီးမှလွဲ၍
ကျန်သောလူများကညီညီညာညာတန်းစီ
နေကြသည်။ယူရှောင်းမိုနဲ့လင်းရှောင်က ထိုစောင့်ကြည့်လေ့လာနေ
သည့်အဖွဲ့ထဲမှာပါလေသည်။မော့ကျင်းကဘာလို့သူတို့ကိုကျိရန်မြို့ထဲမှာ
ဆုံချင်သလဲသူသိသွားပြီထင်သည်။မော့ကျင်းကအထဲမှာပိတ်မိနေတာကြောင့် သူ့အတွက်
စကားပါးပေးမယ့်လူတစ်ယောက်လိုပေသည်။
ဒါကြောင့် သူကြိုရောက်နေနှင့်ပြီဖြစ်ပေမယ့်
ပေါ်မလာရခြင်းဖြစ်၏။"ဝင်မှာလား"
ပြောလိုက်သူမှာ ယူရှောင်းမိုမဟုတ်ဘဲလင်းရှောင်ပင်။
မြင်နေရသည့်အခြေအနေအရ ကျိရန်မြို့အတွင်း၌
ပြဿနာတစ်စုံတစ်ရာဖြစ်နေပုံပြီး
အခုလောလောဆယ်သူတို့အလိုအပ်ဆုံးမှာလည်း
ပြဿနာတက်ခြင်းမှရှောင်ကျဉ်ရန်ဖြစ်နေသည်။
ထို့ကြောင့်လင်းရှောင်က မော့ကျင််းဆီက
မှော်ဆေးပင်တွေသွားယူပြီးပြဿနာအတက်ခံမလား
ဒါမှမဟုတ် ဒီအတိုင်းပဲထွက်သွားကြမလားကို
ယူရှောင်းမိုအားရွေးချယ်ခွင့်ပေးလိုက်တော့၏။ရှောင်းမို နှစ်စက္ကန့်ခန့်တွေဝေသွားပြီးနောက်
ခေါင်းညိတ်လိုက်သည်။သူတို့လက်ထဲမှာပြဿနာတွေတစ်ပုံကြီးရှိနေပြီးသား
ဖြစ်သည်။ နောက်တစ်ခုပိုလာရင်လည်း
ဘာမှကွာခြားမသွားပေ။
YOU ARE READING
The Legendary Master's Wife [မြန်မာဘာသာပြန်]
AdventureOriginal Author- Yin Ya English Translators- Exiled Rebels Scanlations [Chapter(400)- (590)] (If you want to read from Chapter-1, please check my reading list, The Legendary Master's Wife.) (Available in both Unicode and Zawgyi) story cover-crd t...