Unicode
အပိုင်း၄၄၂- ယူရှောင်းမိုကဘာကိုမှလျှို့ဝှက်
မထားတော့ဘူးလင်းရှောင်က အခန်းထဲမှာ
တစ်ခုတည်းသောထိုင်စရာနေရာ
ဖြစ်တဲ့ခုတင်ဆီလျှောက်သွားလိုက်သည်။
ယူရှောင်းမိုက စိတ်လှုပ်ရှားစွာနဲ့
ခေါက်တုံ့ခေါက်ပြန်လျှောက်နေတာကိုမြင်တော့
သူမေးလိုက်တယ်
"အချိန်နံရံထဲမှာ ဘာတွေ့ခဲ့ရလို့လဲ?"ယူရှောင်းမိုက သူဒီစကားပြောလာမှာကို
စောင့်နေခဲ့တဲ့အလား ချက်ချင်းပဲသူ့ဆီ
ပြေးသွားတယ်
" မျှော်စင်ထဲမှာ ရုပ်ထုတွေ၊ စိတ်ဝိဉာဉ်နဲ့
စွမ်းရည်ကျင့်စဉ်တွေအများကြီးပဲတွေ့ခဲ့ရတယ်။
ဒါပေမယ့်.... အဲ့တာတွေကိုကြည့်ဖို့
အချိန်မရခဲ့ဘူး။ အိုး.. ဟုတ်သားပဲ....
ခုနစ်ထပ်မြောက်မှာ အရမ်းထူးဆန်းတဲ့ရုပ်ထုတစ်ခု
ရှိသေးတယ်။ ရုပ်ထုပေါ်မှာ ထုံထျန်းဧကရာဇ်လို့ရေး
ထားတယ်။ ဒီပုဂ္ဂိုလ်က ထုံထျန်းနန်းတော်ကလား?"ထုံထျန်းဧကရာဇ်?
လင်းရှောင်က ဒူးတစ်ဖက်ထောင်လိုက်ပြီး
နံရံကိုမှီလိုက်တယ်
" ဒီလူအကြောင်းကို ကိုယ်အရင်ကကြားဖူးတယ်"ယူရှောင်းမိုက ခေါင်းညိမ့်လိုက်ပြီး
သူ့ကိုဆက်ပြောဖို့အရိပ်ယောင်ပြလိုက်တယ်။" ချောင်ဝူရှင်းအရင်ကပြောဖူးတယ်မလား?
ရှောင်ယောင်တက္ကသိုလ်ကျောင်းသားဖြစ်လာဖို့
ထုံထျန်းနန်းတော်ကိုယုံကြည်ရမယ်ဆိုတာလေ။
တကယ်က.... သူတို့အမှန်တကယ်ကိုးကွယ်နေ
ကြတဲ့တစ်ယောက်က
ထုံထျန်းကုန်းမြေရဲ့ဒဏ္ဍာရီလိုတည်ရှိမှုဖြစ်တဲ့
အခုလက်ရှိထုံထျန်းဧကရာဇ်ပဲ။
လွန်ခဲ့တဲ့နှစ်တစ်သိန်းတုန်းကတော့ သူက
နတ်ဘုရားအဆင့်အထွတ်အထိပ်နားကပ်နေတဲ့
တစ်ယောက်တည်းသောသူလို့အဆိုရှိခဲ့ပြီး
နတ်ဘုရားအဆင့်ရဲ့အတားအဆီးတွေကို
ချိုးဖျက်နိုင်ဖို့မျှော်လင့်ထားခဲ့ကြတယ်။
ဒါပေမယ့်... သူ့ရဲ့အခုအခြေအနေကိုတော့
မသိရတော့ဘူး"" ဒါက ယုံကြည်မှုရှိတာနဲ့ဘယ်လိုဆိုင်တာလဲ?"
"ဒါပေါ့..... ဆိုင်တာပေါ့၊ ထုံထျန်းကုန်းမြေက
အဆင့်မြင့်နယ်မြေလောကတစ်ခုဖြစ်ပေမယ့်လို့
ဟိုးရှေးကတည်းကနေ အခုထိ
နတ်ဘုရားအဆင့်ကိုချိုးဖြတ်သွားခဲ့ဖူးတဲ့သူ
တစ်ယောက်ပဲရှိတယ်။ အဲ့ဒီ့ပုဂ္ဂိုလ်က
ထုံထျန်းနန်းတော်ရဲ့ပထမဆုံးသခင်ပဲ"
ESTÁS LEYENDO
The Legendary Master's Wife [မြန်မာဘာသာပြန်]
AventuraOriginal Author- Yin Ya English Translators- Exiled Rebels Scanlations [Chapter(400)- (590)] (If you want to read from Chapter-1, please check my reading list, The Legendary Master's Wife.) (Available in both Unicode and Zawgyi) story cover-crd t...