//Unicode//
(၅၈၀)ပန်းညီအစ်မ
"ဘာဆွဲထားတာလဲ"
လင်းရှောင်က ယူရှောင်းမို မြေပုံကို တစ်ချက်
ယူကြည့်ရင်း ပြောလိုက်သည်။ တစ်ချိန်က
ပုံမှန်ဖြစ်သော မြေပုံသည် မျဉ်းကြောင်း
သောင်းခြောက်ထောင်ဖြင့် ဖုံးလွှမ်းနေပြီး
မျက်စိအင်မတန်ရှုပ်နေသည်။ယူရှောင်းမိုက မြေပုံကို ပြန်လုယူလိုက်ပြီး၊
"မကူညီခဲ့တဲ့သူတွေမှာ ပြောပိုင်ခွင့်မရှိဘူး။
နောက်ဆုံးမှာ ကျားဖြူရဲ့ စုတ်နေတဲ့မြေပုံကို
ကျွန်တော် ပြန်ဆွဲနိုင်ခဲ့ပြီလေ၊ ဒါက
သွေးချွေးမျက်ရည်တွေနဲ့ ဆွဲထားရတဲ့ မြေပုံပဲ""ဆိုတော့ မင်းရဲ့သွေးချွေးမျက်ရည်တွေက.....
ချီးပုံပေါ်က ချီးပုံပဲမဟုတ်ဘူးလား။ ကလေး
ပေါက်စ ပုံခြစ်ထားတာကျနေတာပဲ"လင်းရှောင်က ခေါင်းငြိမ့်လျက် ပြုံးလိုက်သော်လည်း
တကယ် မဟုတ်ပေ။ ကြိုးစားပမ်းစား အလုပ်ကို
သူဖြင့် မမြင်ပေါင်။ယူရှောင်းမိုက မြေပုံကို ရင်ခွင်ထဲပိုက်လိုက်သည်။
သူ့ ပုံဆွဲစွမ်းရည်က သိပ်မကောင်းတာကို
သူသိတာပေါ့၊ သို့ပေမဲ့ ဒါက သူ ကြိုးစားပမ်းစား
ဆွဲထားရသည့် အလုပ်ဖြစ်သည်။"ခင်ဗျား ဘာသိလို့လဲ၊ အဓိကက အဲ့တာပဲလေ။
ဒီမြေပုံကို ကျွန်တော်ကလွဲပြီး ဖတ်တတ်တဲ့သူ
မရှိဘူး"ဒီတစ်ခါမှာတော့ လင်းရှောင် ပြန်မငြင်းပေ။
ရှည်ကြာလှသော တိုက်ပွဲကို အနိုင်ရသွားသလို
ယူရှောင်းမို ခံစားလိုက်ရသည်။ဒုတိယနေ့တွင် နှစ်ဦးသား တုံ့ယွီဒေသထဲ
ဝင်လာခဲ့ကြသည်။သို့သော် သူတို့ ဖြတ်သွားတော့မည့်အချိန်၌
ယောက်ျားတစ်ယောက်၊ မိန်းမနှစ်ယောက်ပါသည့်
သူစိမ်းအဖွဲ့တစ်ခု၏ ဟန့်တားခြင်းကိုခံရလေသည်။
အမျိုးသားက တည်ကြည်ပုံပေါ်ပြီး
အမျိုးသမီးများက လှပကာ ရုပ်ချင်းဆင်သည်။
ကြည့်ရတာ အမွှာညီအစ်မများဖြစ်ပုံပင်။ယူရှောင်းမို မျက်မှောင်မကျုံ့ဘဲ မနေနိုင်။
"တွေ့ရတာဝမ်းသာပါတယ်၊ ငါက နျုံ့ရွှီးယန်ပါ"
YOU ARE READING
The Legendary Master's Wife [မြန်မာဘာသာပြန်]
AdventureOriginal Author- Yin Ya English Translators- Exiled Rebels Scanlations [Chapter(400)- (590)] (If you want to read from Chapter-1, please check my reading list, The Legendary Master's Wife.) (Available in both Unicode and Zawgyi) story cover-crd t...