Chapter-513(part-2)

6.3K 1.1K 29
                                    

//Unicode//

ဟိုဟိုသည်သည်ပြေးလွှားခဲ့ရပြီးတဲ့နောက်
အဆုံးမှာတော့ ဒီဘူတာပဲပြန်ဆိုက်လေသည်။

ဟိုတယ်ရဲ့ပထမတန်းစားအခန်းတစ်ခုထဲတွင်
ယူရှောင်းမိုမှာ သက်ပြင်းတချချဖြင့်
စားပွဲပေါ် မှောက်နေ၏။ သူ့လက်ရှိစိတ်အခြေအနေ
ကို 'စိတ်ဓါတ်ကျနေသည်' ဟူသည့်
စကားလုံးကလွဲ၍ဘာနဲ့မှတင်စားလို့မရတော့ပေ။

အစမှအဆုံးထိ စကားသိပ်မပြောခဲ့တဲ့လင်းရှောင်က၊
"မိန်းမ မင်းက ဘယ်တော့နေနေ 
မင်းအပေါ် ကိုယ့်အမြင်ကို 
ပိုကောင်းလာစေနိုင်တာပဲ၊ နောက်ပြီး 
အချိန်တိုင်းအချိန်တိုင်း အဲ့လိုပိုပြီး
ခံစားမိလာတယ်၊ ဒါပေမယ့်ကိုယ့်ကို
တော်တော်လေးပျော်ရွှင်စေတာတော့ အမှန်ပဲ"
 
ယူရှောင်းမို-"........" 

အဟန့်အတားတွေနဲ့ ကြုံရရင်လူတွေဟာ
ပိုသန်မာလာရမယ်တဲ့။ သူကရိုက်ချလို့မရနိုင်တဲ့
စိန်တုံးပဲ၊ ဒီလိုအဟန့်အတားလေးကြောင့်
သူ့ကို မရှုံးနိမ့်စေနိုင်ဘူး၊ ယူရှောင်းမို
ကိုယ့်ကိုယ်ကိုဖြေသိမ့်လိုက်သည်။

"ဟိုတယ်မှာနေမယ်ဆိုမှတော့ ဘာလို့
တစ်လစာကြိုမပေးခိုင်းခဲ့တာလဲ? ဒီဟိုတယ်ကို
သဘောမတွေ့ဘူးလား?"
လင်းရှောင်က တစ်ရက်ငှားယမ်းခပဲပေးခိုင်းခဲ့တာ
ကိုယူရှောင်းမိုအမှတ်ရသွားသည်။

"ဒါပြီးရင် ကိုယ်ဖြေရှင်းရမယ့်ကိစ္စတစ်ချို့
ရှိနေလို့" လင်းရှောင်က ကရားအိုးကိုယူလိုက်ပြီး
လက်ဖက်ရည်တစ်ခွက်ငှဲ့လိုက်ပြီးနောက်
တင့်တယ်စွာသောက်လိုက်၏။
ယူရှောင်းမိုမှာ ဒါကိုမြင်ရတိုင်းသူနဲ့မလိုက်ဖက်လိုက်
တာဟု ခံစားရသည်၊ ဒါပေမယ့်
လင်းရှောင်ကကြိုက်နေမှတော့
သူကဘာလုပ်နိုင်မှာလဲ။

"ဘာကိစ္စလဲ?" ယူရှောင်းမို နားမလည်ပေ။
ဒီအတောအတွင်း သူတို့ကိစ္စတွေအများကြီးကို
အတူတကွဖြေရှင်းခဲ့ကြပြီးပြီဖြစ်ပြီး
ကျန်တဲ့ကိစ္စဆိုလို့ ချန်မဟာမိတ်နဲ့ဆိုင်တဲ့
ကိစ္စပဲရှိတော့သည်၊ ဒါပေမယ့် အဲ့တာကလည်း
ပြီးခါနီးနေပြီလေ။

"ကိုယ့်ထဲကနဂါးမျိုးနွယ်ရဲ့သွေးမျိုးဆက်နဲ့
ပတ်သက်တဲ့အမှန်တရားကို ရှာရဦးမယ်"

The Legendary Master's Wife [မြန်မာဘာသာပြန်] Onde histórias criam vida. Descubra agora