Unicode
အပိုင်း၄၄၅- ခံစားချက်များလင်းရှောင်ထွက်သွားပြီးတဲ့နောက်တွင်
ယူရှောင်းမိုဘဝကပိုလို့တောင်လုပ်ရိုးလုပ်စဉ်
အတိုင်းဖြစ်လာသည်။ အသွင်ပြောင်းလဲခြင်းအခန်း
ကနေ ထွက်လာပြီးတဲ့နောက်မှာ
အဲ့နေ့ကသူမှတ်မိတာတွေကိုချေဖျက်ဖို့အတွက်
အခန်းထဲမှာပဲပိတ်နေတော့သည်။အသွင့်ပြောင်းလဲခြင်း အဆင့်နိမ့်ကျင့်စဉ်တွေနဲ့
အဆင့်မြင့်ကျင့်စဉ်တွေက ကွာဟချက်ကြီးမားတယ်။
အထင်ရှားဆုံးကွာဟမှုကတော့ စာအရှည်ပဲ။
အဆင့်နိမ့်ကျင့်စဉ်တွေက စာတစ်ကြောင်းပဲရှိပြီး
ရှင်းရှင်းဖော်ပြထားခြင်းမရှိဘဲ နားလည်ဖို့ခက်
သော်လည်း စွမ်းရည်လုံလုံလောက်လောက်ရှိပြီး
အဲ့ဒီ့စာကြောင်းနဲ့ရင်းနှီးမယ်ဆိုရင်
လွယ်လွယ်ကူကူဖမ်းဆုပ်လို့ရနိုင်တယ်။
အလယ်လတ်ဆင့်ကျင့်စဉ်တွေအတွက်ကျတော့
စာကြောင်းနှစ်ကြောင်းကနေသုံးကြောင်းထိ
ရှိပြီး စာတစ်ကြောင်းချင်းစီတိုင်းက
အဆင့်တစ်ခုစီဖြစ်သည်။တစ်ရက်ဆိုတဲ့အချိန်ကမလုံလောက်ဘူး၊
ထို့ကြောင့်ပဲ လူတိုင်းကမြင်သမျှကိုသိမ်းကြုံး
မှတ်ထားပြီး ထွက်လာပြီးတော့မှ
သူတို့စုဆောင်းလာတာတွေကိုပြန်ထုတ်ပြီး
လေ့လာသင်ယူကြခြင်းဖြစ်သည်။ယူရှောင်းမိုရွေးခဲ့တဲ့ သားရဲအသွင်ပြောင်းခြင်း
ကျင့်စဉ်က သူ့ရဲ့ဆက်နွယ်သားရဲနဲ့
ဆက်စပ်နေတယ်။ လန်ချုံးကို ဥပမာယူရရင်...
သူကမာနငှက်ဖြစ်တာကြောင့် သူ့ရဲ့အဓိက
ပင်ကိုယ်အရည်အချင်းကပျံသန်းခြင်းဖြစ်တယ်၊
ဒါပေမယ့် တိုက်ခိုက်တာနဲ့ခုခံကာကွယ်တာလိုမျိုး
အရည်အချင်းတွေကိုတော့ အထူးအာရုံစိုက်ရ၏။ ပျံသန်းတာကအရေးပါတယ်
ဒါပေမယ့် ယူရှောင်းမိုကတော့
ခုခံတာနဲ့တိုက်ခိုက်တာကပိုအရေးပါတယ်လို့
ခံစားရသည်။ ထို့ပြင် သူ့ဆက်နွယ်နတ်ဆိုးသားရဲ
တွေထဲမှာ လန်ချုံးကအသန်မာဆုံးဖြစ်သည်။ယူရှောင်းမိုကသူ့ခေါင်းထဲကအချက်အလက်တွေကို
လှန်လှောရှာလိုက်ပြီး နောက်ဆုံးမှာတော့
အသွင်ပြောင်းလဲခြင်းကျင့်စဉ်တစ်ချို့ကို
သဘောပေါက်သွားတော့သည်။
STAI LEGGENDO
The Legendary Master's Wife [မြန်မာဘာသာပြန်]
AvventuraOriginal Author- Yin Ya English Translators- Exiled Rebels Scanlations [Chapter(400)- (590)] (If you want to read from Chapter-1, please check my reading list, The Legendary Master's Wife.) (Available in both Unicode and Zawgyi) story cover-crd t...