Arc-2.5

1.7K 183 1
                                    

Unicode

ထယ်ယန်းအိမ်ရောက်တော့အခန်းထဲမှာ
မှိုင်နေမိတယ်။လီဆောင်းဟိုရဲ့
အပြုအမူတွေက သူနဲ့ တူလွန်းတယ်။
တကယ်ဘဲသူလား။သူဝေခွဲမရတော့ဘူး။

{တိုတို လီဆောင်းဟိုက သူလား}
[ငါဘယ်လိုလုပ်ပြီးသိမှာ]
{ငါ ငါဖတ်ထားတဲ့ system ဝတၳုတွေထဲက
လိုစမ်းကြည့်သင့်လား}
[ငါမနက်ဖြန်အစည်းအဝေးသွားရမှာ
ကိုယ်တော်ကိုခေါ်ရချင်မှရမာ]
{Ok}
[မင်းလည်းနားတော့ မင်းဝင်ထားတဲ့ ခန္တာကိုယ်က ကျန်းမာတာမဟုတ်ဘူး
တော်ကြာmissionမပြီးသေးဘဲ
ဂန့်သွားမယ်]

ထယ်ယန်းသူ့တိုတို့ကို ဘာမှပြန်မတုန့်ပြန်
ဖြစ်တော့ပေ။သူအရမ်းပင်ပန်းလာလို့
အိပ်ရာထဲလှဲချလိုက်တယ်။သူခေါင်းအုံး
ပေါ်ခေါင်းချလိုက်တာနဲ့တန်းအိပ်ပျော်သွားတယ်။
...................................................................................................
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၏
တစ်နေရာတွင် ဓာတ်ပုံရိုက်သံ
လူများအော်ဟစ်သံများနှင့်ဆူညံလျက်

ထိုနေရာကတော့တခြားမဟုတ်
သရုပ်ဆောင်ဂျောင်မင်ဟွမ်းရဲ့
သတင်းစာရှင်းလင်းပွဲပြုလုပ်ရာနေရာဘဲ
ဖြစ်တယ်။

ဂျောင်မင်ဟွန်းရေ အနုပညာလောက
ကနုတ်ထွက်ရတဲ့အကြောင်းအရင်းလေးကို
ပြောပြပါလား။အနုပညာလောကမှာနာမည်
ရနေပြီးသားကိုဘာကြောင့်နုတ်ထွက်ရတာလဲ
စသဖြင့်ဆူညံနေလေတယ်။

ထိုစဉ်ကြည်လင်ပြီးသြရှရှနိုင်တဲ့အသံတစ်သံ
ထွက်လာတယ်။ထိုအသံထွက်လာတဲ့န
ဲ့တစ်ပြိုင်နက် ဆူညံသံတွေဟာ မီးလောင်
နေတဲ့ထင်းစကို ရေနဲ့ပတ်ပြီးမီးငြိမ်းလိုက်တဲ့အလား
ငြိမ်သက်သွားတယ်။

"အားလုံးသိချင်တဲ့အဖြေကိုကျွန်တော်ပြောပြ
ပါ့မယ်။အခုလိုတစ်ယောက်တစ်ပေါက်
စီဆူညံနေမှတော့ကျွန်တော်ဘယ်လိုပြောရ
တော့မှာလဲဗျာ။ဟုတ်ပြီကျွန်တော်အားလုံးကို
တစ်ခုချင်းစီရှင်းပြမယ်။ဟုတ်ပြီလား"

"ကျွန်တော်အနုပညာလုပ်ငန်းကထွက်ရတဲ့
အကြောင်းအရင်းကပြောရမှာနည်းနည်းတော့
ရှည်တယ်။ကျွန်တော်ကတကယ်တော့
YMA groupရဲ့ အမွေဆက်ခံသူပါ။
အခုကျွန်တော့်အဖေက ကျန်းမာရေးက
လည်းမကောင်းတော့ဘူးဆိုတော့
ကျွန်တော့်အဖေနေရာကိုကျွန်တော်
ဝင်ရမှာပါ။အလုပ်နှစ်ခုကိုလည်းတစ်ပြိုင်နက်
လုပ်လို့မရပါဘူး။
ကျွန်တော်ဆိုလိုတာကိုနားလည်
ကြမှာပါ။"

System To ToWhere stories live. Discover now