Arc-1.4

3.9K 390 2
                                    

Unicode

နောက်တစ်နေ့မနက်ရောက်တော့
ဟယ်ရီလုပ်နေကျအတိုင်း
အိပ်ရာထ မျက်နှာသစ်ပြီး
မနက်စာစားလိုက်တယ်
ပြီးတော့misionတွေအကြောင်း
စဉ်းစားနေလိုက်တယ်
ခရစ်စတိုရဲ့အသံကြီးမကြားခင်အထိ

"အရှင့်သား အရှင်မင်းကြီးက အခေါ်တော်
လွတ်လိုက်ပါတယ်"
ဟင်ဘုရင်ကြီးက ငါ့ကို
ဘာလို့ခေါ်တာပါလိမ့်
"ကောင်းပြီ"
ဟယ်ရီ ခရစ်စတိုနောက်လိုက်သွားတော့
ထိုင်ခုံပေါ်မှာရွှေအိုရောင်ဆံပင်နဲ့ လူချောတစ်ယောက်
ထိုင်နေတာကိုတွေလိုက်တယ်
'ဝါးချောလိုက်တာ။seme type ကြီး'
[hostဘူးမနေနဲ့အဲ့တာhostအဖေဘုရင်ကြီး]
{ဟင် ဘုရင်ကြီးဆိုတော့ ငါက
လူအိုကြီးမှတ်နေတာ}
[hostဟိုကအခုမှအသက် 38
ရှိးသေးတာ ကြားရင်သွေးဆောင့်သေ
သွားဦးမယ်]
ဟယ်ရီsystemနဲ့စကားပြောနေတာကို
ဖြတ်ပြီးဘုရင်ကြီးကိုနှုတ်ဆက်လိုက်တယ်

"ခမည်းတော်ကိုသားတော် ဂါဝရပြုပါတယ်"
"ရပြီ ထတော့"
(သြဇာညောင်းတဲ့အသံနဲ့)

"ခမည်းတော်သားတော်ကို
တာဝန်ပေးစရာရှိတယ်"
"ဟုတ်ကဲ့"
"ဂရေဟယ်မြို့မှာရေကြီးမှုတွေဖြစ်နေတယ်
ဆည်တွေလည်းရေလံျှမှုတွေဖြစ်နေတယ်၊
ဘလက်ကာ ရေကာကြီးကလည်းပြိုကျတော့မယ်
နောက်လထဲကျရင် ဂရေဟယ်မြို့ကို
မုန်တိုင်းဝင်လိမ့်မယ်။အဲ့ဒီအခါကျရင်
ရေကာတာကြီးပြိုကျသွားနိုင်တယ်။
ပြည်သူတွေရဲ့အသက်ကိုကာကွယ်ဖို့
ရေကာတာကြီးကိုပြုပြင်ရမယ်
ပြီးတော့ ပြည်သူတွေရဲ့ယုံကြည့်မှုကိုလည်း
အရယူခဲ့။်"
"အမိန်အတိုင်းကာခမည်းတော်"
"ဒီကိစ္စမှာမင်းသေချာဆောင်ရွက်ပါ
မင်းမကောင်းကြောင်းပြောနေတဲ့
အဘိုးကြီးတွေကိုမင်းဘယ်လောက်တော်ကြောင်း
သက်သေပြလိုက်၊အဖေမင်းကိုထီးနန်းပေးပြီး
အေးအေးဆေးဆေးနေချင်ပြီ"

"ဟုတ်ကဲ့ပါ။ခမည်းတော်"
'ဟယ်ရီ့ရဲ့ခမည်းတော်က
ဟယ်ရီ့အပေါ်တော်တော်ကောင်းတာဘဲ
ငါခမည်းတော်ကိုသေချာစောင့်ရှောက်ရမယ်
လို့စိတ်ထဲမှာပြောလိုက်တယ်'

"ဟယ်ရီသေချာပြင်ဆင်ထား
မနက်ဖြန်ဘဲစပြီးထွက်ရမယ်။
အဲ့ဒါမှအချိန်မီမှာ။ခရစ်စတိုကိုပာခေါ်သွား"
"ဟုတ်ကဲ့"
-------------------------------------------
ဘုရင်ကြီးတစ်ယောက်ထဲစကားပြောလိုက်တာ်
"မယ်ရီသားတော်ကမင်းနဲ့သိပ်တူတာဘဲ။
အထူးသဖြင်မျက်လုံးလေးတွေ
သားတော်ကိုတွေလိုက်တိုင်းမင်းကိုပြန်တွေ့ရသလိုဘဲ။
ကိုယ်မင်းကိုမကာကွယ်နိုင်ခဲ့ပေမယ့်
ကိုယ့်သားလေးဟယ်ရီကိုသေချာစောင့်
ရှောက်မာပါ"
.
.
.
.
.
ဟယ်ရီပြန်ရောက်တော့
သူ့ရဲ့အဆောင်ရှေ့မှာမတ်တပ်ရပ်နေတဲ့
ဇတ်လိုက်ကိုတွေ့လိုက်တယ်၊။

System To ToWhere stories live. Discover now