လီဆောင်းဟို တစ်ယောက်သူ့ရဲ့ hyungကို
တွေ့ချင်လွန်းလို့ အမိနိုင်ငံမွေးရပ်မြေ
ကိုအမြန်ပြန်လာခဲ့တယ်
သူ့ hyungကို ၁၀နှစ်တောင်လွမ်းနေတာ။
သူ့ကို ဘယ်သူကမှမပေးတဲ့ နွေးထွေးမှုကို
hyungကပေးခဲ့တယ်။
လွန်ခဲ့သော၁၀နှစ်ခန့်ကအကြောင်းတွေကို
ပြန်တွေးမိတယ်။သူမိဘမဲ့ဂေဟာအသေးစားလေးမှာနေခဲ့ရတယ်။
သူ့ကိုမိဘမဲ့ဂေဟာက ကလေးတွေ
ဝိုင်းပြီးနှိပ်စက်နေတဲ့အချိန်မှာ
hyungကရောက်လာပြီးသူ့ကိုကာကွယ်ပေးခဲ့တယ်၊
hyungရဲ့အပြုံးတွေက သူ့အတွက်နွေးထွေးတဲ့
နေရောင်ခြည်လေးလိုဘဲ။
hyungကမိဘမဲ့ဂေဟာကို
တစ်လတစ်ခါ သူ့မိဘတွေနဲ့အတူလာတယ်။
ဒါပေမယ့် hyungကကျောင်း
ချိန်တိုင်းသူ့ဆီကိုလာခဲ့တယ်၊
သူhyungသူ့ဆီကိုလာမဲ့အချိန်
လည်ပင်းရှည်စွာ အရူးတစ်ယောက်လို
စောင့်နေမိတယ်။
ခြောက်ကပ်ပြီးအထီကျန်နေတဲ့
ကျွန်တော့်ရဲ့ဘဝလေးက
hyungရောက်လာမှ
ပြန်လည်စိုပြေလာတယ်။
ထယ်ယန်းဆိုတဲ့အတိုင်း
hyungက ကျွန်တော့်ဘဝကို
အလင်းရောင်ပေးတဲ့ နေမင်းကြီးပါဘဲ။
သူ့ရဲ့နေ့ရက်တွေကို hyungနဲ့အတူ
ပျော်ရင်ွှစွာဖြတ်သန်းခဲ့တယ်။သူ့ကိုမွေးစား
မဲ့လူတွေ ရောက်မလာခင်အထိ။
အဲ့ဒီအချိန်ကတည်းက hyungကို
မတွေ့ရတော့တာ အခုအထိဆို
၁၀တောင်ရှိပြီ။သတိရလိုက်တာhyungရာ
ကျွန်တော် hyungကိုမေ့နိုင်တဲ့အချိန်ဆိုတာ
မရှိပေမယ့် hyungကကော
ကျွန်တော့်ကို မှတ်မိပါဦးမလား။သူလေယာဉ်ပေါ်ကဆင်းဆင်းချင်း
မိဘမဲ့ဂေဟာကိုတန်းလာလိုက်တယ်။
hyungဒီနေ့အဲ့မှာရှိလောက်တယ်။
ထင်ထားတဲ့အတိုင်းသူ အဲ့ဒီမှာရှိတယ်။သူhyungလို့လှမ်းခေါ်လိုက်တယ်
......................................................
ထယ်ယန်းသူ့ကိုခေါ်တဲ့အသံကြားလိုက်တာကြောင့်
လှည့်ကြည့်လိုက်တယ်။'ဝါးချောထား။ဇတ်လိုက်ကောင်ထက်ချောတယ်'
အပြင်မှာတော့ တည်ငြိမ်လျက်"ဘယ်သူပါလဲခင်ဗျာ"
"hyung ကျွန်တော့်ကို
မမှတ်မိတော့ဘူးလား။ကျွန်တော်
ဆောင်းဟိုလေ"ဆောင်းဟိုက ဗီလိန်မလား။
ထယ်ယန်းရဲ့ခေါင်းထဲကနေ
ဆောင်းဟိုနဲ့ပတ်သတ်တဲ့မှတ်ဉာဏ်တွေ
အစီလိုက်ပေါ်လာတယ်။သူကိုယ့်သူ
မသိလိုက်ခင်မှာဘဲတုံ့ပြန်လိုက်တယ်။
