Arc-2.11

1.4K 117 9
                                    


Unicode

ထယ်ယန်း မျက်လုံးဖွင့်လိုက်တော့
မှောင်မဲနေတဲ့အခန်းထဲရောက်နေတာကို
သိလိုက်ရတယ်။အဲ့တာအသာထားဦး
သူကြိုးတွေနဲ့အတုပ်ခံထားရတယ်။
သူsystem ကိုလှမ်းခေါ်လိုက်တယ်။
{To To ငါအခုဘယ်ရောက်နေတာလဲ}

[မင်းအဖမ်းခံထားရတယ်]

{အဲ့တာတော့ငါသိတာပေါ့ဘယ်ရောက်နေတာလဲ
လို့မေးတာ။အရင်ဆုံးငါ့ကိုကြိုးဖြည်ပေးဦး}

သူsystemနဲ့ဆက်သွယ်နေတုန်း
အခန်းထဲကို လူတစ်ယောက်ဝင်လာတယ်။

"မင်းနိုးလာပြီဘဲ၊ဂိမ်းလေးစလိုက်ရအောင်"

"မင်းဘယ်သူလဲ။ဘာကြောင့်ငါ့ကိုဖမ်းထားရတာလဲ။ငါ့ကိုစာတွေတောက်လျှောက်ပို့နေတာမင်း
လား"

"ဟိုး တစ်ခုချင်းစီမေးလို့ရပါတယ်။
ငါကတစ်ခုချင်းစီဖြေပေးမယ်"

"ငါဘယ်သူလဲသိချင်လား"
ထိုလူဟာပြောရင်းဆိုရင်ဖြင့်ခေါင်းစွပ်နဲ့
တပ်ထားတဲ့maskကိုချွတ်ချလိုက်တယ်
ပြီးတော့အခန်းထဲကမီးကိုဖွင့်ချလိုက်တယ်။

ထယ်ယန်းမြင်လိုက်ရတဲ့မျက်နှာကြောင့်အံ့အား
သင့်သွားရတယ်။
ထိုလူရဲ့မျက်နှာကဆောင်းဟိုနဲ့80%လောက်
တူညီနေလို့ပင်။အမှတ်တမဲ့သာကြည့်လိုက်ရင်
ဆောင်းဟိုလို့ထင်သွားရမှာသေချာတယ်။
ထိုလူခေါင်းူမှာဆောင်းဟိုလိုသေချာဖီးသင်ထားတဲ့
ဆံသားတွေအစား ဆံပင်ဗုတ်သိုက်အရှည်ကနေရာယူထားတယ်။
ပြီးတော့သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းနားမှာလည်း
အကျည်းတန်လှတဲ့အမာရွတ်ကြီးကနေရာယူ
ထားတယ်။

"ဘယ်လိုလည်းအံ့သြသွားတယ်မလားဟက်
ငါနာမည်ကအရင်က လီယောင်းဂျယ်
အခုတော့ပတ်ယောင်းဂျယ်"

"ပတ်ယောင်းဂျယ်!!
ငါသိတဲ့ပတ်ယောင်းဂျယ်လား"

သူရဲ့မှတ်ဉာဏ်တွေကိုတူးစွကြည့်လိုက်တယ်။
ပတ်ယောင်းဂျယ်ဆိုတာ ဆုန်းဟွာရဲ့မွေးစားအကို
သူ့ထက်တစ်နှစ်ဘဲငယ်တဲ့ကောင်လေးမလား။
အဲ့တုန်က အဲ့ကောင်လေးရဲ့ဆံပင်ကမျက်နှာကို
အုပ်နေကာအမြဲတမ်းတစ်ယောက်တည်း
နေပြီးပုံစံကညှင်းသိုးသိုးနဲ့ကြောင့်
သူသိပ်သတိမထားမိတာပင်။

System To ToWhere stories live. Discover now