Unicode
ရဲလင်းထက်နိုးလာတော့ သူ့ကိုပြုံးပြုံးကြီး
ထိုင်ကြည့်နေတဲ့မျက်နှာချောချောကို
တွေ့လိုက်ရတယ်။
သူလူကြီးနဲ့လက်ထပ်ထားတာတစ်နှစ်ကျော်ရှိသွားပြီဖြစ်တယ်။
"လူကြီးကလည်းသူများကိုသူ့ရုပ်ကြီးနဲလန့်
အောင်လုပ်နေတယ်""အိုး ကိုယ်ကရုပ်ဆိုးတယ်ပေါ့"
မျက်ခုံးတစ်ဖက်ကိုပင့်ပြီးတစ်လုံးချင်းစီအသံရှည်စွဲကာပြောနေတဲ့လူကြီးကြောင့်အမြန်စကား
ပြန်ပြင်လိုက်တယ်
သူလူကြီးအဲ့လိုလုပ်နေရင်တကယ်လန့်တယ်
"ဟဲဟဲမဟုတ်ပါဘူး။လူကြီးကအရမ်းချောနေတော့ရှက်ရန်း ရန်းပြီးတော့ပြောလိုက်တာဟးီ"
လင်းပြောရင်းဆိုရင်းလူကြီးရဲ့ပါးကို
သူ့ရဲ့နှာခေါင်းလေးတွေနှစ်ဝင်သွားအောင်
မွှေးကြူလိုက်တယ်။"အဟွန်းအတက်လေး"
ရှိုက်သူ့ရဲ့အသဲအသက်လေးကိုစွေ့ကနည်း
ပွေ့ချီလိုက်ပြီးရေချိုးခန်းထဲကို
သယ်သွားလိုက်တယ်။
အချီခံရတဲ့ကောင်လေးလထိုလုပ်ရပ်ကို
အသားကျနေတဲ့အလားရုန်းကန်ခြင်းမပြုလုပ်ပေ။ရှိုက်ကလေးကိုရေချိုးခန်းထဲကဘေစင်ရှေ့က
အသင့်ပြင်ထားတဲ့ခုံလေးပေါ်မှာချပေးလိုက်တယ်
ပြီးတော့သွားတိုက်ဆေးထည့်ပြီးသား
သွားတိုက်တံလေးကိုလက်ထဲထည့်ပေးလိုက်တယ်။
"ကလေးကိုယ်ကလေးစားဖို့မနက်စာ
သွားပြင်လိုက်ဦးမယ်။ကိုယ်ကလေး
အတွက်အကျႌထုတ်ထားခဲ့မယ်
ဘုန်းကြီးကျောင်းကိုဆွမ်းချိုင့်သွားပို့ရဦးမှာမလို့
မကြာစေနဲ့နော်""အင်းလူကြီး ကျွန်တော့်ကို
သီတင်းကျွတ်မုန့်ဖိုးပေးရမယ်နော်ဟီးဟီး""ကိုယ်ကိုဘာနဲ့ကန်တော့မှာလဲပြော"
ရှိုက်ညစ်ကျယ်ကျယ်ပြုံးရင်းပြန်ဖြေလိုက်တယ်ဒီလူကြီးကတော့အမြင်ကတ်ချင်စရာကောင်း
အောင်ပြုံးနေပြန်ပြီ"ခင်ဗျားကျွန်တော်တစ်ယောက်လုံးကိုရထားပြီး
ပြီဘဲဘာကိုလိုချင်သေးလို့လဲ"ရှိုက်သွားတိုက်ရင်းဗလုံးဗထွေးပြောနေတဲ့
သူ့ရဲ့အသဲအသက်လေးကိုကြည့်ပြီးအူယားလို့မဆုံး သူအခုအချိန်သာကလေးကိုဖက်တာတို့
နမ်းတာတို့လုပ်လိုက်ရင်ဘုန်းကြီးကျောင်း
သွားနိုင်တော့မှာမဟုတ်တာကြောင့်
စိတ်ကိုထိန်းထားလိုက်တယ်။
"ကိုယ်ကစတာပါကွာ။ကလေးမတောင်းလည်း
ကိုကမုန့်ဖိုးပေးဖို့စိတ်ကူးပြီးသား
ကိုယ်ပြင်စရာရှိတာသွားပြင်လိုက်ဦးမယ်"