"စိုင်းခန့်...ဟိုနှစ်ကောင် ဘယ်ရောက်သွားလဲ။"
ခါတိုင်းကျောင်းပိတ်ရက်ဆိုရင် အိမ်မှာ လူစုံနေကျဖြစ်သည့်အတွက် သွင် မေးလိုက်ခြင်း ဖြစ်သည်။
"နေဇော်က ကျူရှင်သွားတယ်။
ဟန်လင်းက ကျောင်းမှာ ဘော training သွားဆင်းတယ်။""အွမ်.....အဲ့ကောင်က ဘယ်တုန်းက
ကျူရှင်ယူလိုက်တာလဲ။""သိဝူး.....သူ့အရေးတော်ပုံ
အောင်မြင်အောင် ကြိုးစားရမယ်လို့တော့ ပြောတာဘဲ။""အဲ့ကောင်မလေးနဲ့ major မတူဘဲနဲ့များ ဒီကောင်ဘယ်ဘာသာ သွားတက်တာလဲ။"
"သင်္ချာလေ။"
"အော်....ဒါဆို ငါတို့ သင်္ချာချိန် လစ်လို့ရပြီ။"
"မထင်နဲ့ ဟျောင်။ စော်ငမ်းနေတာနဲ့ဘဲ ရှေ့က သင်သွားတာ ဘာတစ်လုံးမှ သိမှာမဟုတ်ဘူး။"
"ဟားဟား"
စိုင်းခန့်စကားကြောင့် သွင် ဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်။
"ကောင်းလိုက်တာကွာ။ ဒီနေ့တော့ နားအေးပါးအေး နှပ်လို့ရပြီပေါ့။"
"အင်း"
သွင်က ပြောရင်းနဲ့ ကြမ်းပြင်ပေါ်
အိပ်ချလိုက်သလို စိုင်းခန့်ကလည်း
စာအုပ်ဖတ်နေရင်းမှ "အင်း"
လုပ်လိုက်သည်။သူ ဘာစာအုပ်ဖတ်နေသလဲတော့
သွင် လှမ်းမကြည့်ဖြစ်တော့။ စာအုပ်က တော်တော်ထူသဖြင့် ကြည့်ချင်စိတ်လည်း
မရှိ။you just want attention, you don't want my heart
ရုတ်တရက် မှေးခနဲကျသွားချိန်တွင် ကြားလိုက်ရသော ringtone သံကြောင့် သွင် တော်တော်စိတ်တိုသွားသည်။
Screen ပေါ်တွင် ပေါ်လာသော name ကြောင့် ပို၍တင်းသွားကာ အသံက ဆောင့်ထွက်သွားသည်။
"ပြော..ဟျောင့်။"
"အိပ်နေတာလား။"
"အိပ်နေမှန်းသိရင် မနှောင့်ယှက်နဲ့ပေါ့ကွ။"
"ခုမှ သိတာလေ။"
အင်.....တစ်ဖက်မှ ပြန်ဖြေသံကြောင့် သွင် နင်သွားသည်။
"အအေးသုံးကတ်လောက် ဝယ်လာပြီး ကျောင်းက ဘောလုံးကွင်းထဲကို လာခဲ့။"
YOU ARE READING
လျှို့ဝှက်သော ပင်လယ်
Romanceနာကျင်မှုတွေက ငါတို့နှစ်ယောက်ကြားက ပေါင်းကူးတံတားတစ်စင်းဘဲ။