အခန်း- ၃၀

209 9 0
                                    

(သွင်.....
မင်း ခေါင်းတစ်ချက်ဘဲ ငြိမ့်လိုက်ပါ။
ငါ အရာအားလုံးကို ပစ်ချခဲ့ပြီး မင်းတစ်ယောက်တည်းနဲ့ဘဲ ရှေ့ဆက်မယ်။

ခွန်း)

သွင် သူ့ဆီရောက်တဲ့ message ကို အကြိမ်ကြိမ် အခါခါ ဖွင့်ဖတ်နေမိသည်။

ခွန်းက သူ့ဆီသို့ စာပို့ခဲ့ပြီး
ကန်ဘောင်လာရန် ခေါ်ထားလေသည်။

သွင် အကြိမ်ကြိမ် အခါခါ စိတ်ကို
ချိုးနှိမ်ထားရသည်။

သူ သွားလို့ မဖြစ်ပေ။

ရှုပ်ထွေးသော ဆက်ဆံရေးမျိုးကို
သူ သဘောမကျ။

အထူးသဖြင့် မိန်းကလေးတစ်ယောက်ရဲ့ မျက်ရည်ကို သူမမြင်ချင်ဆုံး ဖြစ်သည်။

အဲ့ဒီ့အတွက်လည်း သူ့မျက်ရည်တွေက မျက်လုံးအိမ်မှ အတိုင်းအဆမရှိ
လျှံကျလာလေသည်။

သွင် သက်ပြင်းတစ်ချက် ချလိုက်သည်။

ကျိုက်ထီးရိုးတွင် သူ့ကို ဆောင်းပေးခဲ့သော ချယ်ရီသီးရောင် ခေါင်းစွပ်လေးကို
အံဆွဲထဲမှ ထုတ်လိုက်သည်။

ထိုခေါင်းစွပ်လေးကို သေချာကြည့်လိုက်တော့မှ အောက်အဖျားနားလေးမှာ khun
ဆိုပြီး စာလုံးလေးကို ထိုးထားလေသည်။

သွင် ခေါင်းစွပ်လေးကို တစ်ချက်ကြည့်ပြီး ပြုံးမိသွားသည်။

မင်းနဲ့ပက်သတ်တဲ့ အမှတ်တရတွေကိုဘဲ သိမ်းထားရုံနဲ့ လုံလောက်နေပါပြီ ခွန်း။

ငါတို့ ရှေ့မဆက်တာက အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ထင်တယ်။

-----------------------------------------------------

ကန်ရေပြင်က ပကတိ ငြိမ်သက်နေသည်။

ဉာဉ့်က နက်သထက် နက်လာသဖြင့် ကန်ဘောင်တစ်ခွင်က အေးချမ်းတိတ်ဆိတ်လျက် ရှိလေသည်။

ခုံတန်းလေးပေါ်မှာ ကန်ရေပြင်ကို ငေးရင်း ခွန်း ငြိမ်သက်စွာ ထိုင်နေမိသည်။

သူ စောင့်နေသည့်သူ ရှိသည်။

မလာမချင်း စောင့်မည်ဟုလည်း ဆုံးဖြတ်ချက် ချထားပြီးသား။

လျှို့ဝှက်သော ပင်လယ်Where stories live. Discover now