"သွင် ဖုန်းလာနေတယ်။ တစ်ချက်လောက် ကိုင်ပေးစမ်းပါဦး။"
ဟန်လင်းက system ပုံးကို ဖွင့်နေရင်းမှ
သူ့ရှေ့မှ ဖုန်းကို ကိုင်ခိုင်းလိုက်သည်။သွင်လည်း HR dept သို့
အသစ်ရောက်လာသော ဝန်ထမ်းအတွက် window တင်ပေးနေခြင်း ဖြစ်သည်။"မအားဘူးကွာ။ ဒီမှာ တန်းလန်းကြီး။"
"လုပ်ပါကွာ။ ငါလည်း တန်းလန်းကြီး
ဖြစ်နေလို့ပါ။"ဟန်လင်းမျက်နှာကြီးက
ပိုပြီးရှုံ့မဲ့နေသဖြင့် သွင် ထိုင်ရာမှထပြီး
ဖုန်းကောက်ကိုင်လိုက်သည်။"ဟဲလို...."
"ဟဲလို....သွင်ရေ။ Meeting ခန်းထဲ ခဏလာခဲ့ပေးပါဦး။ ဧည့်သည်တွေက wifi ချိတ်တာ ချိတ်လို့မရလို့။"
သွင် လာခဲ့မည်ဟုဆိုကာ ဖုန်းချလိုက်ပြီး
"WiFi AP တွေက ဒီမနက်မှ သွားထပ်ဝယ်နေပါပြီဆိုမှ meeting နဲ့က
တန်းခနဲဘဲ ။""အဲ့ဒါ ICT ကဟာတွေ
စောက်ရမ်းချီးထုတ် ကျနေတာ။
budget ကို အစောကြီးတည်းက
ထုတ်ပေးလိုက် ပြီးနေပြီကို။
ခုမှ ကိုနိုင်ကြီးက သွားဝယ်နေတုန်း။""ငါ သွားလိုက်ဦးမယ်။"
သွင် meeting ခန်းထဲဝင်လိုက်တော့
တစ်ကိုယ်လုံးတောင် အေးစိမ့်သွားလေသည်။ဖွင့်ထားသည့် aircon
ကြောင့်ဆိုတာထက် အလွန်အမင်း
business ဆန်နေသည့်
အငွေ့အသက်တွေကြောင့် ဖြစ်လေသည်။သွင် ရောက်လာတော့ wifi မရဟန်တူသော ဧည့်သည်က သူ့ကို လှမ်းခေါ်လိုက်လေသည်။
မျက်လုံးက မသိမသာ တစ်နေရာသို့
ဝေ့ကြည့်မိတော့ macbook
တစ်လုံးအပေါ်သို့ အာရုံဝင်စားနေသော
ခွန်းကို မျက်လုံးထောင့်စွန်းလေးမှ
မြင်လိုက်ရသေးသည်။တစ်စုံတစ်ခုကို စိတ်ဝင်စားနေသည့်ပုံလေးက မျက်လုံးတို့ လွှဲမပစ်ချင်လောက်အောင် စွဲမက်စရာ ကောင်းလွန်းနေသည်။
သွင် ကိစ္စတွေ ပြီးသွားသဖြင့်
ပြန်ထွက်မည် လုပ်တော့
ဒါရိုက်တာဖြစ်ဟန်တူသော
တစ်ယောက်က"မင်းတို့ projector က resolution
သိပ်မကောင်းဘူး။ မင်းတို့ အဲ့ဒါတွေရော
မစစ်ဘူးလား။"
YOU ARE READING
လျှို့ဝှက်သော ပင်လယ်
Romanceနာကျင်မှုတွေက ငါတို့နှစ်ယောက်ကြားက ပေါင်းကူးတံတားတစ်စင်းဘဲ။