အခန်း- ၃၇

231 7 0
                                    

ညကနက်လွန်းလှသဖြင့်
ညာဉ့်ကောင်လေးတွေရဲ့ ပစီပစီ
အော်မြည်သံတွေက
ဝန်းကျင်တစ်ခုလုံးကို ကြီးစိုးနေလေသည်။

တစ်လောကလုံးက ငြိမ်သက်နေသော်ငြား
အံ့မင်းရဲ့ ရင်တစ်ခုလုံးကတော့
မငြိမ်သက်နိုင်ဘဲ မောပန်းစွာ
လှုပ်ရှားနေလေသည်။

ဆုံးရှုံးမှာကို သိနေသော်ငြား အဆုံးရှုံး
မခံနိုင်သေးသလိုမျိုး၊
လွှတ်ချလိုက်ရမည်ကို နားလည်ပေမယ့်
ခဏလောက် ဖက်တွယ်ထားချင်သလိုမျိုး။

တစ်ခါတစ်လေ စိတ်ဆိုသော
အရာကလည်း ဆန်းကြယ်လွန်းလှသည်။

နာကျင်နေမှန်း သိရက်နဲ့ ထိုနာကျင်မှုကို အမြတ်တနိုး နမ်းရှိုက်ချင်နေတာမျိုး။

ထိုနာကျင်မှုလေး
ပျောက်ကွယ်သွားမှာကိုတောင်
သူစိုးရိမ်လှသည်။

ထိုနာကျင်မှုက သူနဲ့သူချစ်တဲ့သူကြား ပေါင်းကူးပေးထားသော တစ်ဖက်သတ်တံတားတစ်စင်းဆိုလျှင်လည်း မမှားပေ။

ထိုနာကျင်မှုသာလျှင် အကောင်းဆုံးသော သူ၏နှစ်သိမ့်ဖော် ဖြစ်လေသည်။

ထိုနာကျင်မှုမဲ့တဲ့နေ့က သူ
ဒီကမ္ဘာပေါ်က ပျောက်ကွယ်သွားတဲ့
နေ့ပင် ဖြစ်ပေလိမ့်မည်။

မတွေးချင်ပေမယ့် အာရုံမှာ
ထင်ဟပ်လာသော
ပုံရိပ်အချို့ကြောင့်လည်း ရင်ဘတ်က အထီးကျန်စွာ နာကျင်သွားပြန်သည်။

အထီးကျန်သော ရင်ဘတ်အတွက် မျက်ရည်စတချို့က နွေးထွေးစွာ အဖော်ပြုပေးလျက်ရှိသည်။

အံ့မင်း ဟက်ခနဲ တစ်ချက်ရယ်လိုက်သည်။

ဘယ်လိုလဲ.....မင်းကို ဖမ်းဆုပ်ထားရမှာလား။

လွှတ်ပေးလိုက်ရမှာလား။

ငါ တကယ် ဝေခွဲလို့မရတော့ဘူး။

ငါ မင်းကို ချစ်တယ်။

----------------------------------------------------

ခွန်းရဲ့ ရုံးခန်းထဲသို့ ဝင်မည်လုပ်တော့ မျက်နှာအနည်းငယ်
သုန်မှုန်နေသည့်ပုံစံနှင့် ထွက်လာသော
ဦးဟန်ကို တွေ့လိုက်ရလေသည်။

အံ့မင်း မသိမသာ သက်ပြင်းချလိုက်ပြီး အခန်းထဲသို့ ဝင်ခဲ့လိုက်သည်။

လျှို့ဝှက်သော ပင်လယ်Donde viven las historias. Descúbrelo ahora