ကိစ္စရပ်များအားလုံး ပြီးဆုံးသွားတော့ အရာရာဟာ ဘာမှမရှိ ဗလာနတ္တိကြီး
ဖြစ်သွားသလိုပင်။ဒေါ်အံ့မင်းကလျာကတော့
ငွေကြေးလိမ်လည်မှု၊
ဖော်မြူလာပေါက်ကြားစေမှုတို့အပြင် လူသတ်ရန်ကြိုးစားအားထုတ်မှုတို့ဖြင့် ထောင်ဒဏ်ဆယ်နှစ် ကျခံသွားရလေသည်။ယခုတော့ အဖြူရောင်
အုတ်ဂူလေးရှေ့မှာ လူနှစ်ယောက်
ငြိမ်သက်စွာ ရပ်နေလေသည်။လေကတသုန်သုန်တိုက်ခတ်နေသဖြင့်
သစ်ရွက်အချင်းချင်း ထိခတ်သံတို့ကို
ထင်ထင်ရှားရှားကြားနေရသည်။အုတ်ဂူဖြူဖြူလေးပေါ်တွင်တော့
အဝါရောင် နှင်းဆီပန်းလေးတွေက
နေရာယူထားလျက် ရှိလေသည်။နောက်ထပ်ရရှိလာမည့် ဘဝတစ်ခုမှာ
အံ့မင်းတစ်ယောက် ပျော်ရွှင်စေရန် ရည်ရွယ်၍ အဝါရောင်နှင်းဆီတွေကို
ရွေးခြယ်ခဲ့ခြင်းဖြစ်လေသည်။"အံ့မင်း မင်း နောက်ထပ်ဘဝသစ်တစ်ခုမှာ အမြဲတမ်းပျော်ရွှင်ပါစေကွာ။"
သွင်က အုတ်ဂူလေးကို ကြည့်ပြီး
ပြောလိုက်သည်။"ခွန်း မင်းရော တစ်ခုခု ပြောဦးလေ။"
ခွန်းက အုတ်ဂူလေးကို ကြည့်ရင်း ခေါင်းခါလိုက်သည်။
သွင် ခွန်းရဲ့မျက်လုံးတည့်တည့်ကို
လေးလေးနက်နက် စိုက်ကြည့်ပြီး"မင်း အံ့မင်းကို သတိရနေတယ်မှတ်လား ခွန်း။"
ခွန်း ကလေးတစ်ယောက်လို
ခေါင်းငြိမ့်လိုက်သည်။သွင်က ခွန်းရဲ့ပုခုံးလေးတစ်ဖက်ကို
ဖျစ်ညှစ်လိုက်ပြီး"မင်းသူ့ကို သတိရတာ ဖြစ်သင့်ပါတယ်။"
"ငါတို့နှစ်ယောက်ကြားမှာ သူရှိနေတာ သဘာဝကျတယ် ခွန်း။"
သွင်က ခွန်းမျက်လုံးတို့ကို ကြည့်ကာ
ပြုံးပြီး ပြောလိုက်လေသည်။ထိုအချိန်တွင် ဘယ်ကထွက်ပေါ်လာမှန်း
မသိသော လိပ်ပြာလေးတစ်ကောင်က နှင်းဆီပန်း အဝါလေးတွေပေါ်မှာ
ငြိမ်သက်စွာ နားနေလေသည်။
YOU ARE READING
လျှို့ဝှက်သော ပင်လယ်
Romanceနာကျင်မှုတွေက ငါတို့နှစ်ယောက်ကြားက ပေါင်းကူးတံတားတစ်စင်းဘဲ။