အခန်း- ၃၃

205 11 3
                                    

"ဒေါက် ဒေါက်"

"ဝင်ခဲ့ပါ။"

တစ်ဖက်မှအသံက သွင့်အဖို့ ရင်းနှီးလွန်းနေသည်။

အခန်းတံခါးကို ဖွင့်လိုက်တော့
မျှော်လင့်မထားသော CFO ဆိုသူကို
တွေ့လိုက်ရလေသည်။

"အင်.....အံ့မင်း.....အော် ဆောရီး"

သွင် ရုတ်တရက် ထွက်သွားသော
စကားလုံးတို့ကို အလျင်အမြန်
ဘရိတ်အုပ်လိုက်ရသည်။

အံ့မင်းက နှစ်လိုဖွယ် ပြုံးလိုက်ပြီး

"ပုံမှန်အတိုင်းဘဲ ခေါ်ပါ။"

သွင် ပြုံးပြရင်း ခေါင်းတစ်ချက် ငြိမ့်လိုက်သည်။

"Laptop ရလာလို့ လာပေးတာပါ။ လိုအပ်တဲ့ software တွေလည်း install လုပ်ထားပြီးပြီ။"

"Ok...ကျေးဇူးပါ။"

"......အော် ခွန်းလည်း
ရောက်နေတယ်နော်။ တွေ့ပြီးသွားပြီလား။"

သွင်း ဖြည်းဖြည်းလေး ခေါင်းခါပြလိုက်သည်။

ခွန်းဆိုသော နာမည်လေးကို
ကြားလိုက်ရုံနဲ့ ရင်ဘတ်တစ်ခုလုံးက
နင့်နင့်နဲနဲ လစ်ဟာသွားလေသည်။

"သူက ဌာနတစ်ခုချင်းစီရဲ့
မန်နေဂျာတွေနဲ့ တစ်ယောက်ချင်း
တွေ့နေတာ။
ဒီမှာ သွင်ရှိနေမှန်း သူ မသိသေးဘူးထင်တယ်။"

"မသိလောက်ဘူး ထင်တယ်။"

"ဟုတ်မှာပါ။ ငါတောင် ခုမှသိရတာ။"

အံ့မင်းပုံစံက သူငယ်ချင်းဟောင်းတွေ
ပြန်တွေ့ရသဖြင့် လှိုက်လှိုက်လှဲလှဲ
ပျော်နေသလိုမျိုး။

"သွားပြီနော်..."

"Ok....။ လိုတာရှိရင်လည်း အချိန်မရွေး လှမ်းခေါ်မယ်နော်။"

သွင်က တံခါးကိုပြန်ပိတ်ရင်း လက်မနှင့်လက်ညှိုးလေးကို ဝိုင်းပြကာ အိုကေဟူသော ပုံစံလေး လုပ်ပြခဲ့သည်။

ကားထဲမှ UPS နှစ်လုံးနှင့် keyboard
သုံးခုကို သယ်ရင်း နားနှင့်ဖုန်းကို ညှပ်ကာ တစ်ဘက်မှ ဖုန်းကိုလည်း သွင်ဖြေနေရသေးသည်။

request တက်ထားသော ပစ္စည်းတို့ကို အဝယ်တော် ထွက်နေရသဖြင့်
ဆာလောင်နေသော ဗိုက်ကား
တဂွီဂွီနဲ့ကို ဖြစ်နေ‌ေချပြီ။

လျှို့ဝှက်သော ပင်လယ်Where stories live. Discover now