"သွင်....ဘာကြီးလဲ။ မင်းရဲ့ second way ဘဲလား။"
ထမင်းစားနေရင်းမှ ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေသော သွင့်ကို စိုင်းခန့်
လှမ်းမေးလိုက်သည်။"အင်း....ငါ ညနေထိ နေရလိမ့်မယ်...
စိုင်းခန့်။ မင်းအရင် ပြန်နှင့်လိုက်။""ပြန်မနေနဲ့တော့လေ စိုင်းခန့်။ ငါတို့နဲ့မှဘဲ ပြန်ပေါ့။"
ဟန်လင်းက ပလုပ်ပလောင်းနဲ့ စားနေရင်း ဝင်ပြောလိုက်သည်။
"မပြန်လို့မရဘူး။ ဟိုကောင်က သော့ကို
မယူသွားဘူး။ ငါမပြန်ရင် သူ ငုတ်တုတ်ထိုင် နေရလိမ့်မယ်။""ငါတို့ အဲ့ကောင်ကို နည်းနည်းလေး
ငိုသွားအောင် လုပ်လိုက်ရင်
ကောင်းမလား။"ဟန်လင်းကို ထောက်ခံသည့် အနေနဲ့
သွင်က အားတက်သရော ရှေ့တိုးလာသည်။"မလုပ်ပါနဲ့ကွာ။ သူ အဲ့ကောင်မလေးကို လုံးဝ serious ဖြစ်နေတာကွ။
တခြားဟာနဲ့ လုပ်ချင် လုပ်စမ်းပါ။"စိုင်းခန့်က ဝင်တားသဖြင့် နှစ်ယောက်စလုံး မျက်နှာကိုယ်စီ ရှုံ့တွကာ ကိုယ်ရှိန်သတ်လိုက်ရသည်။
သွင်က တစ်ချက်သန်းဝေလိုက်ပြီး
"မင်းလဲ စားပြီးပြန်တော့။ မင်းလဲ
မြန်မြန်စား။ ကွင်းထဲပြန်သွားရဦးမယ်။""အေးပါကွာ။ သိပ်တွေ့ချင်နေမှန်း
သိပါတယ်။"ဟန်လင်းက ရေနွေးပူပူကို မှုတ်နေရင်း ပြုံးစိစိဖြင့် စသည်။
"မင်း အဘကို တွေ့ချင်နေရမှာလား။"
"ကဲ....ဟျောင့်တွေ ငါပြန်နှင့်ပြီ။"
"နေဦးလေ.....ငါတို့လည်း သွားမှာ။ ခုပြီးပြီ။"
အပြင်ရောက်တော့ စိုင်းခန့်ကို လက်ပြနှုတ်ဆက်လိုက်ပြီး ဟန်လင်းနှင့်သွင်က training ဆင်းသည့် နေရာသို့ ပြန်လာခဲ့ကြသည်။
"ဟန်လင်း.....ခဏနေ စမယ်။"
အောင်ရဲက လှမ်းပြောလိုက်သဖြင့်
ဟန်လင်းက ခေါင်းတစ်ချက်ငြိမ့်ပြီး
ကွင်းထဲသို့ ပြေးသွားသည်။ထိုအချိန်တွင် ခွန်းက သွင့်အနားသို့ လျှောက်လာပြီး
"ရော့..... ဒီကျောပိုးအိတ်
ခဏကြည့်ထားပေး။ ကားထဲမှာ ထားခဲ့ဖို့
မေ့သွားလို့။"
YOU ARE READING
လျှို့ဝှက်သော ပင်လယ်
Romanceနာကျင်မှုတွေက ငါတို့နှစ်ယောက်ကြားက ပေါင်းကူးတံတားတစ်စင်းဘဲ။