အခန်း- ၁၀

245 9 0
                                    

ယခုနှစ် ဖလားကို
နည်းပညာတက္ကသိုလ်ကသာ
ဆွတ်ခူးနိုင်ရန်အတွက်
ကျောင်းသားလေးများ အကြိတ်အနယ် ကြိုးစားလေ့ကျင့်နေကြသည်။

တက္ကသိုလ်၏ မေဂျာအစုံမှ
အကောင်းဆုံးသော
ကစားသမားများကို
ရွေးထုတ်ထားသဖြင့် နိုင်စေရမည်ဟုလည်း တစ်ထစ်ချ ယုံကြည်ထားလေသည်။

သို့သော်လည်း ပြိုင်ဘက်ကျောင်းများကိုလည်း လျှော့မတွက်ရဲ။

ထို့အတွက်ကြောင့်လည်း အပြင်းအထန် ကြိုးစားနေခြင်းဖြစ်သည်။

ညနေငါးနာရီကျော်လာတော့
လေ့ကျင့်ြခင်းကို ခဏ break လိုက်သည်။

အခြားကျောင်းသားများက canteen ဘက် ထွက်သွားသော်လည်း
ခွန်းတို့သုံးယောက်က ကွင်းထဲမှာဘဲ
ဆက်ထိုင်နေဖြစ်သည်။

"ခွန်း"

ခွန်းက ဘာလဲ ဆိုသည့်သဘောဖြင့် အောင်ရဲဘက်သို့ လှည့်ကြည့်လိုက်သည်။

"မင်း ခုတလော မူမမှန်တာတွေ
လုပ်နေတယ်နော်။"

ခွန်းက ဟက်ခနဲ ရယ်လိုက်ပြီး

"ငါက တည့်တည့်ပြောမှ သိတာ။"

"အေး....အဲ့ဒါဆိုလည်း တည့်တည်ဘဲ ပြောရတာပေါ့။"

အောင်ရဲက လျော့တိလျော့ရဲ
ထိုင်နေရာမှ ခွန်းရှေ့သို့
မျက်နှာချင်းဆိုင်ကာ တည့်တည့်မတ်မတ် ထိုင်လိုက်ပြီး

"တစ် -  မင်းအမေရဲ့
နှစ်ပတ်လည်နေ့မှာ သွင်နဲ့အတူတူ
ရှိနေတယ်။ အဲ့အိမ်ကို မင်း
နေခရေနွယ်ကိုတောင် ခေါ်သွားတာ
မဟုတ်ဘူး။"

"ဟုတ်တယ်....အဲ့ဒါ အထူးဆန်းဆုံး အချက်ဘဲ။"

လွင်ထက်ကပါ ဝင်၍ ထောက်ခံလိုက်သည်။

"နှစ် - မင်းနားမှာ သူ့ကို တောက်လျှောက် တွေ့နေရတယ်။ အဲ့ဒါကရော ဘာသဘောလဲ။"

"ဟားးး"

ခွန်း သူတို့မေးခွန်းတွေကို သဘောတကျ ရယ်လျက်

"ဘာသဘောလို့ ထင်လဲ။"

ပြန်လည် မေးခွန်းထုတ်လိုက်သည်။

အောင်ရဲရော လွင်ထက်ပါ မျက်လုံးကြီး ပြူးလျက်

"မင်းကို မေးနေတာလေ။ ဘာလို့ ငါတို့ကို ပြန်မေးတာလဲ။"

လျှို့ဝှက်သော ပင်လယ်Hikayelerin yaşadığı yer. Şimdi keşfedin