အခန်း- ၄၃

247 7 2
                                    

ု"ခွန်းလား။"

တစ်ဖက်ဖုန်းထဲမှ အသံကို
ကြားလိုက်ရရုံနှင့်
ခွန်းမျက်မှောင်တစ်ချက်
အလိုလိုကြုံ့မိသွားသည်။

"ပြောပါ။"

ခွန်းအသံက မရည်ရွယ်ပါဘဲ
မာဆတ်ဆတ် ဖြစ်လို့နေသည်။

"အော်....ဒီလိုပါ သားရယ်။ အန်တီ
တစ်ခုလောက် တောင်းဆိုချင်လို့ပါ။"

"........"

ခွန်းဘက်မှ ဘာမှမတုံ့ပြန်သဖြင့်
ဒေါ်အံ့မင်းကလျာ စကားကို
ရှေ့ဆက်လိုက်လေသည်။

"တခြားတော့ မဟုတ်ပါဘူးသားရယ်။
ဒီတစ်လျှောက်မှာ
အန်တီတော်တော်လေးကို
မှားခဲ့တာပါ။ အဲ့ဒီ့အတွက်လည်း
အပြစ်တွေကို ဝန်ခံဖို့
အသင့်ပါဘဲသားရယ်။"

"အပြစ်တွေကို မပေးဆပ်ခင် သားတို့သားအဖကို တောင်းပန်ချင်လို့ပါ။
အဲ့ဒါမှဘဲ အန်တီ့စိတ်တွေ
ပေါ့ပါးသွားမှာမို့လို့ပါ။ အန်တီ့ကို
ဒီတစ်ခေါက်ဘဲ ကူညီပါကွယ်
သားရယ်....နော်။"

ခွန်း သက်ပြင်းတစ်ချက် ချလိုက်သည်။

"ပွင့်ပွင့်လင်းလင်း ပြောရရင်တော့
ကျွန်တော် အန်တီနဲ့ကို
မပက်သတ်ချင်တာ။"

"သားရယ်....အန်တီ နားလည်ပါတယ်။"

ဒေါ်အံ့မင်းကလျာက
တောင်းပန်တိုးလျှိုးသည့်
လေသံလေးဖြင့် ဆိုလိုက်သည်။

"ဒါပေမယ့်.....ဒီတစ်ခေါက်တော့ ကျွန်တော် လက်ခံပေးပါ့မယ်။"

"ဟို....တကယ်နော် သား။ အန်တီ
ပျော်လွန်းလို့ ဘယ်လိုပြောရမှန်းတောင်
မသိတော့ဘူး။"

"ကျေးဇူးပါ သားရယ်။ အချိန်နဲ့နေရာကို
အန်တီ message ပို့ပေးလိုက်မယ်နော်။"

"ကိစ္စမရှိတော့ရင် ကျွန်တော်
ဖုန်းချတော့မယ်။"

"အော်....အင်းပါ သား။ အင်းပါ ချလိုက်ပါ။"

တစ်ဖက်မှ ဖုန်းချသွားသည်နှင့်
ဒေါ်အံ့မင်းကလျာ၏ ဝမ်းသာနေသည့် မျက်နှာပေါ်မှာ ချက်ချင်းပင် မဲ့ပြုံးတွေ ရောက်ချလာပြီး သူမ၏
အကြံအစည်တွေကို တွေးရင်း
ကျေနပ်ပီတီဖြစ်ကာ အရူးတစ်ယောက်လို ဟက်ဟက်ပက်ပက် ရယ်ချလိုက်ပြန်သည်။

လျှို့ဝှက်သော ပင်လယ်Where stories live. Discover now