အခန်း- ၂၁

213 8 0
                                    

မည်းမှောင်သောဝန်းကျင်ကို ခွင်းလျက် ကားကြီးက ပန်းတိုင်ရှိရာသို့ မောင်းနှင်လျက်ရှိလေသည်။

သွင်လည်း ငိုက်မြည်းနေရာမှ ရုတ်တရက်နိုးလာပြီး အပြင်ကို
ပြူးပြဲကြည့်လိုက်တော့
ကျိုက်ထီးရိုးဆံတော်ရှင်သို့ ဆိုပြီး
ညွှန်ပြထားသည်ကို
မှုန်ပျပျအလင်းရောင်အောက်တွင်
ဝိုးတဝါး တွေ့လိုက်ရလေသည်။

ရောက်တော့မည်ဆိုသဖြင့် သွင့်စိတ်ထဲ လှိုက်ခနဲ ဝမ်းသာသွာပြီး

"ခွန်း....ခွန်း ထတော့ ရောက်တော့မယ်။"

အတင်းလှုပ်နိုးနေသော သွင့်ကို မျက်လုံးဖွင့်ကြည့်လိုက်ပြီး

"ရောက်မှ နှိုး။"

ပြောပြီးသည်နှင့် မျက်လုံးပြန်မှိတ်ထားလိုက်သည်။

ကားပေါ်က လူတွေအကုန်လုံးက လှုပ်လှုပ်ရွရွနှင့် ဆင်းဖို့တောင် တာဆူနေကြပြီ။

သိပ်မကြာခင်မှာဘဲ ကားကြီးက
ကျိုက်ထီးရိုးတောင်ခြေသို့
ဆိုက်သွားလေတော့သည်။

ကျောင်းသားတွေလည်း
ခရီးဆောင်အိတ်တွေ လွယ်ကာ
ကားပေါ်မှ အလျိုလျို ဆင်းကုန်ကြပြီ။

"ကဲ.....ဆရာသမား။ ခင်ဗျား
အိပ်တော်မူဦးမယ်ဆိုရင်လည်း
ကျွန်တော်မျိုးကြီး
အရင်ဆင်းပါရစေ.....နော်။"

ခွန်းက မျက်လုံးဖွင့်ကာ သွင့်ကို
တစ်ချက်ပြုံးပြလိုက်ရင်း အပျင်းကြော
ဆန့်နေလေသည်။

ဒီကောင်က တစ်ရေးနိုး ထပြုံးတာတောင် စောက်ရမ်းကြည့်လို့ကောင်းနေတာတော့ လွန်လွန်းသွားပြီ။

သွင် ခွန်းကိုငေးရင်း စိတ်ထဲမှ
ပြောလိုက်ခြင်း ဖြစ်လေသည်။

စိုင်းခန့်က အနောက်ဘက်ကို လှည့်ပြီး

"မင်းတို့နှစ်ကောင် ဒီနေ့ ကားပေါ်က
ဆင်းဖို့ အစီအစဉ်ရော ရှိသေးလား။"

စိုင်းခန့်ကို သွင်က ပုခုံးနှစ်ဖက်သာ
တွန့်ပြလိုက်လေသည်။

ကျိုက်ထိုမြေပေါ်သို့ ခြေချလိုက်သည်နှင့် စိမ့်နေသော လေအေးက
သွင့်တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။

လျှို့ဝှက်သော ပင်လယ်Hikayelerin yaşadığı yer. Şimdi keşfedin