ep36

2.9K 312 22
                                    

ဘတ်ခ်ဟျွန်းက သူမထင်မှတ်ထားတာ
နောက်တစ်ခု ထပ်လုပ်ခဲ့ပါတယ်။ မားမားသဘောမတူဘူးပြောနေတဲ့ကြားက 
အိမ်မပြန်ဘဲ ချန်းယောလ်နဲ့လိုက်နေတာဖြစ်သည်။ အရင်အခန်းမှာတောင် မနေတော့ဘဲ ချန်းယောလ်အခန်းထဲမှာ အတူနေမယ်ပြောတော့ 
ထပ်အံ့ဩရပြန်သည်။ အခုလည်း သူနဲ့အတူ တစ်ခုတင်တည်းအိပ်ဖို့ အိပ်ရာပြင်နေလေရဲ့။ သူလည်းထိုင်ခုံပေါ်ကနေ နောက်ပြန်လှည့်ထိုင်ရင်း ဘတ်ခ်ဟျွန်းလုပ်သမျှ ကြည့်နေလိုက်သည်။

" ဘတ်ခ်ဟျွန်း "

တစ်ချက်လှည့်ကြည့်သည်။
ပြီးနောက် လုပ်လက်စသာ ဆက်လုပ်နေသည်။

" ဘတ်ခ်ဟျွန်းလို့ "

ပြောချင်ပြောမပြောချင်နေဆိုသည့်ပုံစံလေးနှင့်
လုပ်ချင်ရာဆက်လုပ်နေလေသည်။ တကယ်အသည်းယားဖို့ကောင်းတယ်ကွာ။

" ပြောပါအုံး ရုတ်တရက်ကြီး
ဒီလိုလုပ်ဖို့ဆုံးဖြတ်လိုက်ရတဲ့
အကြောင်းအရင်းလေး ပတ်ခ်ဘတ်ခ်ဟျွန်း "

ပတ်ခ်ဘတ်ခ်ဟျွန်းလို့ခေါ်လိုက်တော့
ဒေါသထွက်လာတဲ့ပုံနဲ့ ဒိုင်းခနဲကြည့်လာသည်။ ဘတ်ခ်ဟျွန်းကအဖတ်မလုပ်တော့
သူကပင်ထကာ ဘတ်ခ်ဟျွန်းရှိရာ
အိပ်ရာဘက်ထလာပြီး ဘတ်ခ်ဟျွန်းကိုပါ
ဆွဲချကာ အိပ်ရာထက်လှဲစေလိုက်သည်။
ဘတ်ခ်ဟျွန်းကို လက်မောင်းပေါ်အိပ်စေပြီး
ဦးခေါင်းထက် အနမ်းတစ်ပွင့်ခြွေလိုက်သည်။

" ပတ်ခ်ဘတ်ခ်ဟျွန်း "

" ... "

" ပတ်ခ်ဘတ်ခ်ဟျွန်း "

" ... "

" ပတ်ခ်ဟျွန်းနီး...ဟားဟား "

" ရယ်စရာကောင်းနေလား "

" ဟင့်အင်း ချစ်ဖို့ကောင်းလို့ပါ "

" ... "

" ဒီနေ့ခင်ဗျားလုပ်လိုက်တာ
ကျွန်တော်သဘောကျပါတယ် ဒါပေမဲ့ ခင်ဗျားလုပ်ယူစရာမလိုဘူးသိလား
ခင်ဗျားရဲ့ပုံစံတိုင်းကို ကျွန်တော်ချစ်တယ် အတင်းလုပ်ယူနေဖို့မလိုဘူး "

" ... "

" စိတ်ဆိုးသွားတာလားဟင် ခင်ဗျား "

" ... "

Yours [✓]Where stories live. Discover now