ညက ငိုလျှက်အိပ်ပျော်သွားတော့
မနက်လင်းတော့ မျက်နှာက
အဆင်မပြေဖြစ်တော့သည်။
သူကြောက်သည် အားလုံးထက်
ဘတ်ခ်ဟျွန်းသူ့ကို စိတ်ကုန်သွားမှာ
အကြောက်ဆုံးပဲ။ သူအိမ်ပြန်လာလို့ ဘတ်ခ်ဟျွန်းကိုမတွေ့လျှင် သူ့ကိုထားခဲ့ပြီး
ထွက်သွားပြီလားဆိုတဲ့အတွေးမျိုး
ခဏခဏဝင်လေ့ရှိသည်။
သူအားလုံးတွေးကြည့်ပြီးပြီ
ဘတ်ခ်ဟျွန်းရှိလျှင် သူအကုန်အဆင်ပြေပြီ။ သူဆုံးဖြတ်ချက်တစ်ခုကို မြန်မြန်ချလိုက်သည်။သူအောက်ဆင်းလာတော့
စားပွဲခုံတွင် သတင်းစာဖတ်နေရင်း
နွားနို့သောက်နေတဲ့ မားကို တွေ့လိုက်ရသည်။ ခပ်လှမ်းလှမ်းတွင် ဘတ်ခ်ဟျွန်းရှိနေသည်။
သူမားဆီလျှောက်သွားလိုက်တော့
မားက ပုံမှန်လို သူ့ကိုတစ်ချက်မော့ကြည့်သည်။ ပုံမှန်နေ့ရက်လိုသာဆိုရင်တော့ သူရှေ့တစ်ခုံမှာဝင်ထိုင်လိုက်မှာဖြစ်ပေမဲ့
အခုတော့ သူရပ်မြဲတိုင်းတာ ရပ်နေမိသည်။
မားက သူ့ကိုပြန်မော့ကြည့်လာသည်။" ဘာဖြစ်နေတာလဲ "
သူ့မျက်နှာက အနည်းငယ်မို့ယောင်းနေတာကို
သတိထားမိသွားခြင်းဖြစ်သည်။" ကျွန်တော်သူနဲ့ဆက်မတွေ့ချင်တော့ဘူး "
မားက သူဘာတွေဖြစ်နေလဲဆိုတာကို
သိအောင် စူးစိုက်ကြည့်လာသည်။" မဟုတ်ဘူး ဆက်မတွေ့နိုင်တော့ဘူး
တွေ့စရာလည်း မလိုတော့ဘူး
ကျွန်တော်အဲဒါကို ဆက်မလုပ်နိုင်တော့ဘူး
ကျွန်တော်ဘတ်ခ်ဟျွန်းကိုပဲ လိုချင်တယ် ကျွန်တော်ဘတ်ခ်ဟျွန်းတစ်ယောက်ထဲနဲ့ပဲ
ရှေ့ဆက်ချင်တယ် ကျွန်တော့်ဘဝမှာ
ဘတ်ခ်ဟျွန်းရှိရင်ရပြီ ကျွန်တော်သေချာနေပြီလို့ "" မား "
" ဘာလို့ခက်ခဲနေရတာလဲ သဘောတူပေးဖို့
ဘာတွေလိုအပ်နေသေးလို့လဲ "" မင်းမျက်နှာကို မှန်ထဲပြန်သွားကြည့်လေ
အမြဲ သူနဲ့ပတ်သက်ပြီး ငိုငိုနေရတာ မမုန်းသေးဘူးလား "သူဘတ်ခ်ဟျွန်းဘက်ကို အကြည့်ရောက်သွားတော့
ဘတ်ခ်ဟျွန်းက လုပ်လက်စတွေရပ်လျက်
တိတ်တဆိတ်နားထောင်နေသည်။
YOU ARE READING
Yours [✓]
Romantizmစူပါမန်းလည်း မဖြစ်ချင်ဘူး ပါဝါရိန်းဂျားလည်း မဖြစ်ချင်ဘူး ကမ္ဘာကြီးကိုလည်း မကယ်တင်ချင်ဘူး မင်းရဲ့ကောင်လေးပဲ ဖြစ်ချင်တယ် မင်းရဲ့...... ( Chanyeol x Baekhyun )