ep40

4K 265 29
                                    

" ဟင့်..... ခါး...ခါး "

" ကျိုးသွားပြီလားမသိဘူး...အူးဝါး "

ချန်းယောလ်အသံမြှင့်ငိုလိုက်ပေမဲ့
ဘတ်ခ်ဟျွန်းက ဂရုတောင်မစိုက်ဘဲ ခုတင်ခြေရင်းတွင်ရောက်နေတဲ့
ခါးဝတ်တဘက်လေးကို
ခါးတွင်ပြန်ချည်လိုက်ပြီး
ခုတင်ပေါ်က ဆင်းသွားသည်။ ချန်းယောလ်
ငိုဖို့မေ့နေပြီး မျက်စိဒေါက်ထောက်
လိုက်ကြည့်နေမိသည်။ ဘတ်ခ်ဟျွန်းက
သူ့ထိုင်ချနေရာကနေကျော်ပြီး
အဝတ်ဗီရိုဘက် လျှောက်ကာ
အဝတ်တစ်ထည်ကို ယူဝတ်နေပြီ။ ထိုအခါမှ သူအသိဝင်လာပြီး ကြမ်းပြင်ဒရွတ်တိုက်သွား
ကာ ဘတ်ခ်ဟျွန်းခြေထောက်တွေကြား
တိုးခွေ့လိုက်သည်။

" အဝတ်ဝတ်တော့ "

ဘတ်ခ်ဟျွန်းက သူ့အတွက်ပါ
အဝတ်တစ်စုံထုတ်ပေးသည်။ သူမယူ။ ဘတ်ခ်ဟျွန်း‌ဒူးဆစ်တွေကို သူ့ပါးတွေနဲ့
ဖိပွတ်နေလိုက်သည်။

" အိပ်ရအောင် အဝတ်ဝတ်တော့
ဘယ်နှနာရီရှိပြီထင်နေလဲ "

" ... "

" ကြမ်းပြင်ကအေးတယ် ထတော့ "

" ... "

" ဘယ်လိုဖြစ်ချင်နေတာလဲမင်း "

ညအိပ်ချိန်ရောက်နေပြီမလို့ ဘတ်ခ်ဟျွန်းချန်းယောလ်ဖက်တွယ်ထားတဲ့
လက်တွေကို ဆွဲဖယ်နေသည်။
ညနေလောက်ကတည်းက ဒီနေရာကို
ရောက်နေတာဖြစ်ပေမဲ့  ရေချိုးပြီးတာကလွဲရင် အသုံးဝင်တာတစ်ခုမှမလုပ်ရသေး။
အင်္ကျီပင် အခုမှဝတ်ဖြစ်သည်။

ဘတ်ခ်ဟျွန်းအသံမာသွား၍ထင်တယ် ချန်းယောလ်က စူပုတ်သွားကာ
အိပ်ရာပေါ်တက်သွားသည်။
ကိုယ်တုံးလုံးနဲ့ချန်းယောလ်က ရယ်စရာ
ကောင်းသလို ချစ်စရာလည်းကောင်းလှသည်။အိပ်ရာထက်တွင် စောင်ကို ခေါင်းထိခြုံထားပြီး သူဘက်ကိုကျောပေးကာ ထားသည်။

" အင်္ကျီဝတ်ပြီးမှအိပ် ချန်းယောလ် "

" အိပ်ဘူး "

" ထလာ "

" လာဘူး "

" ချန်းယောလ် "

" ခေါ်နက် "

ခေါင်းမြီးခြုံထဲကနေ ချွဲချင်စောနဲ့
စကားတောင်မပီတော့။ ဘယ်လိုလုပ်မလဲ... ချန်းယောလ်ရဲ့အပြု့အမူတိုင်းက
ချစ်ဖို့ကောင်းနေသည်။ သူအတန်ကြာထိ
တိတ်သွားတော့
ချန်းယောလ်က စောင်ကို မျက်နှာထိဖွင့်ကာ လှည့်ကြည့်လာသည်။
သူ့မျက်နှာအနေအထားကိုမြင်မှ
ပြန်လှည့်သွားသည်။ခေါင်းမြီးတော့
ပြန်မခြုံထားတော့။

Yours [✓]Where stories live. Discover now