"ဘတ်ခ်ဟျွန်း ငါဘာပြောထားလဲ မင်းကိုသူနဲ့မပတ်သက်နဲ့
မလိုက်သွားနဲ့လို့မပြောဘူးလား အခုလဲမင်းတို့ဘယ်သွားခဲ့ကြတာလဲ
ဘာလုပ်ခဲ့ကြသေးလဲ ဟမ် ""နင် တစ်ခါခံပြီးသွားပြီမမှတ်ဘူးလား ယောက်ျားတွေကိုအဲ့လောက်ကြိုက်လား နင်မျက်နှာလေးလှရုံလောက်နဲ့
ဘယ်ယောက်ျားမှနင့်ကိုအတည်မတွဲဘူး သိလား ""အဲ့ဒီ ပတ်ခ်ချန်းယောလ်ဆိုတာ ငါနဲ့လက်ထက်မဲ့သူ သိလား
တစ်ခါကလဲငါ့မောင် အခုငါနဲ့လက်ထပ်မဲ့သူ နင်တော်တော်ငါနဲ့ပတ်သက်ရတာကြိုက်ပုံဘဲ "အစ်မဂျယ်ဟီးပြောတာသူရင်နာပါသည်။ ပြန်ပြောစရာစကားမရှိ။
သူဒီနေရာကနေအမြန်ထွက်သွားချင်ပြီ။ သူမေ့သွားတယ် အရင်ကကိစ္စတွေကို ဘယ်သူမှမမေ့ဘူးဆိုတာ။"နင့် မျက်နှာလေးလှရုံနဲ့ ငါ့ကိုယှဉ်လို့မရဘူး ကိုယ့်ကိုကိုယ်ယောက်ျားလေး
ဆိုတာလဲသတိရအုံး နင့်ကိုဘယ်သူမှအတည်မကြံဘူး နင်လို့စကားမပြောတတ် အူအူအအ ဆိုပိုဆိုးလိမ့်မယ် သိလား အရင်ကနင့်ကိုတန်းတန်းစွဲချစ်ခဲ့တဲ့ ငါမောင်ဆိုတဲ့သူက
အခုသတိတောင်ရသေးလား သူကခနတာနင့်ကိုသာယာပြီးကစားသွားတာ
ပတ်ခ်ချန်းယောလ်ဆိုတာကလဲ ကလေးသာသာငါ့ကိုဆော့ကစားနေတာ
နင့်ကိုအသုံးချပြီး-""ဒေါက် ဒေါက် ဒေါက် "
"ချန်းလေး! "
"ဘတ်ခ်ဟျွန်းကိုခေါ်ထားတယ်ဆို"
"ဟုတ်တယ် ဘတ်ခ်ဟျွန်းကို ဘာကိစ္စရှိလို့လဲ ဘတ်ခ်ဟျွန်းနဲ့ချန်းလေးက"
"နူးနားနဲ့မဆိုင်ဘူး "
"ဘတ်ခ်ဟျွန်းသွားတော့ ငါပြောတာမှတ်မိတယ်နော် "
ဘတ်ခ်ဟျွန်း ထိုအခန်းထဲမှအမြန်ပင်ထွက်ခဲ့သည်။
သူ့ကိုကြည့်နေတဲ့ချန်းယောလ်ရဲ့အကြည့်တွေကိုလစ်လျူရှုပြီး။"နူးနား ဘတ်ခ်ဟျွန်းကိုဘာလုပ်လိုက်သေးလဲ
သူ့ကိုကျွန်တော်ခေါ်သွားတာ သူနဲ့ဘာမှမဆိုင်ဘူး နူးနားဆူစရာအကြောင်းမရှိဘူး ""ချန်းလေးကဘာဖြစ်နေတာလဲ ချန်း နူးနားကိုရွဲ့ချင်တယ်ဆိုတော်လိုက်တော့
နူးနားအရှုံးပေးတယ် "
YOU ARE READING
Yours [✓]
Romanceစူပါမန်းလည်း မဖြစ်ချင်ဘူး ပါဝါရိန်းဂျားလည်း မဖြစ်ချင်ဘူး ကမ္ဘာကြီးကိုလည်း မကယ်တင်ချင်ဘူး မင်းရဲ့ကောင်လေးပဲ ဖြစ်ချင်တယ် မင်းရဲ့...... ( Chanyeol x Baekhyun )