ချန်းယောလ်ကိုအိပ်ယာပေါ်ချသိပ်ရင်းသူလည်းအနားတွင်
ဝင်ထိုင်လိုက်သည်။ သူတစ်ကယ်ပြတ်သားခဲ့တယ်လို့
အားလုံးကထင်နေကြတာဘဲ။ ချန်းယောလ်စိတ်ကိုမြင်အောင်လည်း
မကြည့်ခဲ့ဘူး။ တစ်ကယ်ကိုသူတစ်ကယ်ကိုမကောင်းခဲ့တာဘဲ။
စခေါ်ဖို့လဲသတ္တိမရှိခဲ့ဘူး။ သူ့ဘက်ကအရင်ဆက်သွယ်ဖို့လဲ
သွေးကြောင်ခဲ့တယ်။ သူနဲ့တစ်ကယ်မထိုက်တန်ဘူး။" ကောင်းကောင်းအိပ်ပြီးနိုးလာရင်အပြစ်တင်လှည့်အုံး.. "
နဖူးကဆံဖျားလေးတွေသပ်ပေးရင်းအသက်ရူမှန်မှန်လေး
အိပ်ပျော်နေတဲ့ကောင်လေး။ ဘယ်လိုအကျင့်လေးလဲ
ငိုရင်းအိပ်ပျော်တတ်တာ။" ဒေါက် ဒေါက် "
တံခါးခေါက်သံသဲ့သဲ့ကြောင့်ဘတ်ခ်ဟျွန်းအပြေးလေးထကာ
သွားဖွင့်ရသည်။ အခန်းပြင်ကထယ်ယုံး။" ကိုကိုရှိတယ်မလား... မပြန်သေးဘူးလားမသိဘူး
ပြောတော့ခနဘဲလိုက်ပို့မှာဆိုပြီး "" အမ်... မပြန်သေးဘူးထင်တယ် သူအိပ်ပျော်နေတယ် "
" တစ်ကယ်! နေ့ခင်းကြောင်တောင်ကြီးရော
ထမင်းလဲမစားရသေး "" အင်း "
" အာ့ဆိုလဲကောင်းတယ် ဟီး
ကိုကို့ကိုခနကြည့်ထားအုံးနော် ကျွန်တော်သွားမယ် "" အင်း "
ထယ်ယုံးထွက်သွားတော့တံခါးပြန်ပိတ်ကာအိပ်ယာနား
သွားလိုက်ပြီးစောင်ကိုရင်ဘတ်ထိဆွဲတင်လိုက်သည်။
နောက် သူတို့နှစ်ယောက်လုံးထမင်းမစားရသေး၍
ဟင်းများပြန်နွေးရန်အောက်ဆင်းလာခဲ့သည်။.
.
.
.
." ဂျယ်ဟျွန်းနီးစိတ်ဆိုးနေတာလား "
" ဘာလို့လဲ "
" ရောက်ကတည်းအခုထိစကားမှကောင်းကောင်းမပြောသေးတာ
ထမင်းစားတုန်းကလဲကျွန်တော့ကိုမကြည့်ဘူး ကျွန်တော့တစ်ခုခု
အမှားလုပ်မိလို့လား "" ဘာအမှားလဲ "
" ဟော... မသိလို့လေ "
" ........ "
" စိတ်ဆိုးနေတာဟုတ်တယ်မလား "
" ......... "
" ဂျယ်ဟျွန်းနီး.. ကျွန်တော်အိမ်လာတာမကြိုက်လို့လား
မေမေလို့ခေါ်တာမကြိုက်လို့လား ဒါမှမဟုတ် လက်မထပ်ချင်လို့လား "
YOU ARE READING
Yours [✓]
Romantizmစူပါမန်းလည်း မဖြစ်ချင်ဘူး ပါဝါရိန်းဂျားလည်း မဖြစ်ချင်ဘူး ကမ္ဘာကြီးကိုလည်း မကယ်တင်ချင်ဘူး မင်းရဲ့ကောင်လေးပဲ ဖြစ်ချင်တယ် မင်းရဲ့...... ( Chanyeol x Baekhyun )