Zawgyi
ကျောင်းသားဆိုးလေးနဲ့ လူကြီးပုစိလေးတို့ ကျောင်းအတူလာတဲ့အခါ အကုန်လုံးက အံဩကြတယ် .. ။ ရှောင်းကျန့်က အသက်ကြီးတာမှန်ပေမယ့် ခေတ်နောက်ကျနေရစ်တဲ့ ရှေးလူကြီးပေါက်စမဟုတ်သလို ဝမ်ရိပေါ်ကလဲ အကြီးသောအငယ်သော တကူးတကခွဲခြားနေတဲ့သူမှ မဟုတ်ပါဘဲ .. ။ သူတို့နှစ်ယောက် အတွဲညီသွားကြတဲ့အပေါ် ဘာမှလဲ အထူးတလည်လုပ်ပြီး အံဩနေစရာလို့ မထင်ပါဘူး .. ။
တချို့များ ရှိသေးတယ် .. ။
အဲ့ဒီ့ရှောင်းကျန့် .. ဝမ်ရိပေါ်နဲ့ ဒီလောက်ပူးကပ်နေတာ အစားခံရမှာ မကြောက်ဘူးလားမသိ .. တဲ့ .. ။ အော်အော် .. ရိပေါ်က အစွယ်ကြီး ပြူးနေတာဆိုတော့ .. အထင်လွဲလဲ လွဲစရာပေါ့ .. ။ ဟုတ်တယ် .. တစ်ကျပ်သားလောက် ဦးနှောက်အပိုပါနေတဲ့သူတွေများ သူက တုပြိုင်ပြောမနေအားပါဘူး .. ။ လက်ခလယ်လေးချောင်းပဲ ပြိုင်တူ ထောင်ပြလိုက်တာ .. ။ ဆောရီး .. ကျန်တဲ့လက်ခလယ်နှစ်ချောင်းက ရှောင်းကျန့်ဟာ .. ။
ရှောင်းကျန့်များ ရိုးရိုးကုပ်ကုပ် အိစိအိစိလေးထင်မနေနဲ့ .. ။ အသံတိတ်ဆဲရေးတတ်တဲ့အပြင် သုံးချောင်းမြောက်လက်ခလယ်ပါ ထောင်ပြမယ်လုပ်နေလို့ သူ့မှာ မနည်းတားယူထားရတယ် .. ။ ဟိုတလောက စက်ဘီးလေလျှော့တဲ့ကောင်တွေကိုဆိုလဲ တစ်ယောက်တည်း ရှင်းပစ်လိုက်တာများ .. ။ သွားတွေကို တစ်ချောင်းချင်း လိုက်ကောက်ရတယ် .. ။ အရပ်ကြီးကလန်ကလားနဲ့ ကလေးတွေကို အနိုင်ကျင့်တာဆိုတာ .. ပြောပြနေရင် နောက်ဘဝသာကူးသွားမယ် .. ။ မင်းတို့မယုံနိုင်တဲ့ ရှောင်းကျန့်ရဲ့လက်သံပြောင်မှုတွေကတော့ စာစီလို့ကုန်မှာမဟုတ်ဘူး .. ။သေချာတာတစ်ခုကတော့ ရှောင်းကျန့်ဆိုတာ သူဆန္ဒရှိလို့ ကပ်ချွဲချင်ရင်သာ ရှိလိမ့်မယ် .. ။ အကုန်လုံးတွေးထင်ထားသလို အိစိစိ ပျော့ညံ့ညံ့ကောင်လေးတော့ လုံးဝမဟုတ်ဘူး .. ။
YOU ARE READING
𝚈𝚎𝚕𝚕𝚘𝚠 𝚄𝚐𝚕𝚢 𝙳𝚞𝚌𝚔𝚕𝚒𝚗𝚐「𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎」