💛_21

1.7K 230 64
                                    


Zawgyi

“ ခေါ်နေတာ ဒီလောက်ကြာပြီ .. ဘာတွေငေးနေတာလဲ .. ”

ပုခုံးစွန်းဆီ အသာတွန်းရင်းဆိုတော့မှ အခုထိ ရှုတင်မှာရှိနေသေးကြောင်း သတိဝင်ရတယ် .. ။ ဒါတင်မက .. ငိုင်တွေနေတဲ့ သူ့ပုံစံကို ချက်ချင်း လန်းဆန်းတက်ကြွ‌နေဟန်ပြင်လိုက်ရင်းလဲ အချိုသာဆုံး ပြုံးပြရတယ် .. ။

“ ဒီအတိုင်း ဇာတ်ညွှန်းထဲ အာရုံစိုက်ထားမိလို့ .. နောက်ကို ဂရုစိုက်ပါ့မယ် ဒါရိုက်တာကြီး .. ”

“ အိုင်းယိုး .. ငါတို့ကျန့်ကျန့် ရိုကျိုးလွန်းပုံကတော့ .. ပေါ့ပေါ့ပေါ့ပါးပါးပဲ ‌ပြောပါ .. ပေါ့ပေါ့ပါးပါးပဲ ..  ”

“ မဟုတ်တာပဲ .. ဒါရိုက်တာကြီးကို ‌ရိုသေ‌ရမှာပေါ့ .. ဒါနဲ့ ခုဏ ဘာမေးလိုက်တာလဲဗျ .. ”

“ ဟိုက်ခွမ်းက ဒကာခံမှာမို့ ဒီညတော့ ပျော်ပျော်ပါးပါး ပါတီပေးကြမလို့ .. ကျန့်ကျန့်ရော လိုက်မယ်မလား .. ”

“ အားနာနာနဲ့ ငြင်းရတော့မှာပဲဗျာ .. ကျွန်တော် ကိုယ်ရေးကိုယ်တာကိစ္စလေး ရှိနေလို့ .. ”

ဒါရိုက်တာကြီးက ခေါင်းတညိမ့်ညိမ့်နဲ့ပါပဲ .. ။ စီနီယာဖြစ်တဲ့ ဟိုက်ခွမ်းကတော့ အခုတစ်ခေါက်မလိုက်ရင် နောက်တစ်ခေါက်မှာ ဒကာခံရမယ်လို့ပြောတယ် .. ။ ဟောက်ရွှမ်းကလဲ အားတက်သရောကို ဝင်ထောက်ခံတယ် .. ။

အကုန်လုံးက မပြောင်းမလဲနဲ့ .. ။
ရှုတင်မှာ အစွမ်းကုန်အလုပ်ကြိုးစားပြီးရင် အစွမ်းကုန် ပြန်ပြီးအပန်းဖြေဖို့ အသင့်ဖြစ်နေကြတယ် .. ။ အရင်ကတော့ သူလဲ အပါအဝင်ဖြစ်ခဲ့တာပါပဲ .. ။ ဆိုတော့မှ .. ဒီအသိုင်းအဝိုင်းမှာနေရင် ဒီအသိုင်းအဝိုင်းရဲ့သဘောနဲ့ လိုက်လျောညီထွေဖြစ်အောင် နေနိုင်မှ ပရော်ဖက်ရှင်နယ်ကျတယ်လို့ သူက ယူဆထားတာကိုး .. ။

အခုတော့ဖြင့် ခြားနားတယ် .. ။
ဟန်ဆောင်အပြုံးတွေ မပယ်ချနိုင်သေးပေမယ့် ဟန်ဆောင်ပြီးပျော်ရွှင်နေပြဖို့ကိုတော့ ငြင်းပယ်တယ် .. ။ သူ့ရင်ထဲမှာ ဒီလောက် အပူတွေနဲ့ပြည့်နေတာ .. ။ ပါတီမှာ စိတ်လွတ်ကိုယ်လွတ် မူးရူးကခုန်နေဖို့ .. ဟင့်အင်း ဘယ်လိုမှမဖြစ်နိုင်ဘူး .. ။

𝚈𝚎𝚕𝚕𝚘𝚠 𝚄𝚐𝚕𝚢 𝙳𝚞𝚌𝚔𝚕𝚒𝚗𝚐「𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎」Where stories live. Discover now