Zawgyi“ ဝမ်ရိပေါ် .. မင်းရူးနေလား .. မင်းရူးနေတာလားလို့ ဟမ် .. ”
မနက်အစောပိုင်းသာရှိသေးပေမယ့် ရှင်းရမယ့် ပြဿနာကတော့ သူ့ခေါင်းပေါ်တည့်တည့်အထိ ရောက်နေခဲ့ပြီပဲဖြစ်တယ် .. ။
မနေ့ညက လုဟိုက်ခွမ်းတို့ တော်တော်လေးနောက်ကျမှ ပြန်သွားတာမို့ .. သူက သူ့အခန်းမှာပဲ သူအိပ်လိုက်ရတယ် .. ။ ဆိုတော့ .. အခုမနက်မှာ ရှောင်းကျန့်က သူ့အခန်းဆီလာပြီး မနက်စာစားဖို့ပြင်ရတယ်ပေါ့ .. ။
ပြဿနာက အဲ့ဒီ့မှာစတာပဲ .. ။
ရှောင်းကျန့်ရောက်လာတဲ့အချိန်မှာ သူက ရေချိုးခန်းဝင်နေတာ .. ။ အဲ့ဒီ့အချိန်မှာမှ တိုက်တိုက်ဆိုင်ဆိုင် ရှန်းဇီက ဖုန်းခေါ်လာတာရယ် .. ။ တကယ်လေ .. အခုရက်ပိုင်း သူ့ကံတွေ သိပ်တက်နေတာပဲဖြစ်မှာ .. ။
“ ကော .. ငါရှင်းပြမယ် .. ”
“ ယီးတောင် ရှင်းမပြနဲ့ .. ဒီကောင်နဲ့မပတ်သက်ဖို့ မင်းကို အကြိမ်ကြိမ်ပြောထားခဲ့ပြီးသား .. မင်းဘက်ကလဲ မပတ်သက်တော့ပါဘူးလို့ ကတိတွေ အထပ်ထပ်ပေးခဲ့ပြီးသား .. ဒါမဲ့ ဘာလုပ်သလဲ .. အာညောင်းခံပြီးပေးခဲ့တဲ့ကတိတွေ လေထဲပျောက်သွားရုံကလွဲရင် ဘာများဖြစ်လာခဲ့သလဲ .. ”
“ ... ”
“ မင်းညာတယ် ဝမ်ရိပေါ် ..
မင်းငါ့ကို ဒီအချိန်ထိ ညာထားခဲ့တယ် .. ”
လက်ထဲကဖုန်းကို အောက်အခင်းပြင်ထက်ပစ်ချလို့ ရှောင်းကျန့်က .. သူ့အခန်းထဲက ပြန်လှည့်ထွက်တယ် .. ။ ချက်ချင်း နောက်ကနေပြေးလိုက်ပြီးချော့ရင် စိတ်ဆိုးပြေမှာသိပေမယ့် .. သူကတော့ တစ်စစီပြုတ်ထွက်သွားတဲ့ဖုန်းလေးကို အသာကောက်ယူပြီး အခန်းထဲတင် ကျန်နေရစ်ဖို့ကိုပဲ ရွေးချယ်ပါတယ် .. ။
အခုမှ ရေချိုးခန်းထဲကထွက်လာတဲ့ သူ့ပုံစံက ရှောင်းကျန့်နောက် ပြေးလိုက်ပြီးချော့ဖို့ အဆင်မပြေပါဘူးလို့ပြောရင် .. ရှောင်းကျန့်အပါအဝင် အကုန်လုံးက ထင်ကြမယ် .. ။ ဒါက သက်သက်ပေးတဲ့ ဆင်ခြေပဲလို့ပေါ့ .. ။
YOU ARE READING
𝚈𝚎𝚕𝚕𝚘𝚠 𝚄𝚐𝚕𝚢 𝙳𝚞𝚌𝚔𝚕𝚒𝚗𝚐「𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎」