Zawgyi“ မာမား .. ကားလ် .. သူ ရှိနေတယ် .. ”
“ ဟင့်အင်း .. မရှိပါဘူး .. ”
“ ရယ် .. ရယ်ပြနေတယ် .. ”
“ အိပ်မက်ဆိုးပါ .. တကယ်မဟုတ်ဘူး ..
အခုက အိပ်မက်ဆိုးထဲ ရောက်နေတာ .. ”“ ... ”
သူ့ပုခုံးထက်မေးတင်စေရင်း ရှောင်းကျန့်ကို အသာပွေ့ဖက်ထားလိုက်တယ် .. ။ အိပ်ရာခြေရင်းဆီ ကြောင်စီစီငေးကြည့်နေတဲ့ ရှောင်းကျန့်ကတော့ သူ့ကို ပြန်ဖက်ထားဖို့လဲ သတိမရဟန်ပါပဲ .. ။
ကျောပြင်ကျဉ်းကျဉ်းလေးကို သပ်ချပေးတော့ မျက်ဝန်းအစုံဟာ မှေးစင်းလာခဲ့တယ် .. ။ တဒိန်းဒိန်းခုန်လှုပ်နေတဲ့ နှလုံးခုန်နှုန်းတွေ နှေးကွေးသွားပြီး အသက်ရှုနှုန်းတွေ တဖြည်းဖြည်းချင်းတိုးလျသွားချိန်မှာတော့ အိပ်စက်ခြင်းဆီ တဖန်ရောက်ရှိကြောင်း သူက သတိပြုမိရတယ် .. ။ ဆိုတဲ့တိုင် .. အိပ်ရာထက်ဆီ မှေးစက်ခိုင်းဖို့ဝေးလို့ .. ထိုင်ရက်အတိုင်းသာ ခန္ဓာကိုယ်ပါးပါးကို တိုးဖက်ထားမိတာပဲ .. ။
ဒီနေ့က ရှောင်းမာမားရက်လည်ပြီး နှစ်ရက်မြောက်နေ့ဖြစ်တယ် .. ။ ရှောင်းပါပါးရဲ့ဈာပနမှာ ရှောင်းမာမားနဲ့ရှောင်းကျန့် နှစ်ယောက်အတူရှိပေးနိုင်ပေမယ့် ရှောင်းမာမားရဲ့ဈာပနမှာတော့ ရိပေါ်တစ်ယောက်တည်းကသာ ရှိနေပေးနိုင်ခဲ့တယ် .. ။ ရက်လည်ပြီးနောက်တစ်ရက်မှာတော့ ရှောင်းအိမ်တော်ကို လေလံတင်ရောင်းချမယ့်အကြောင်းကြားစာနဲ့အတူ စုံစမ်းစစ်ဆေးရေးကလူတွေ ရောက်လာကြရဲ့ .. ။ ရှောင်းပါပါးရဲ့ တရားမဝင်လုပ်ငန်းတွေအကြောင်း အနည်းငယ်မျှရှင်းပြပြီးနောက် အဓိကလိုရင်းဖြစ်တဲ့ ရှောင်းအိမ်တော်ရဲ့ပိုင်ဆိုင်မှုမှန်သမျှ အစိုးရကသိမ်းယူမယ့်အကြောင်းဆီ စကားဆက်တယ် .. ။ ကျောင်းသားဆိုးလေးဝမ်ရိပေါ်နဲ့ ရှောင်းအိမ်တော်ရဲ့ အမွေဆက်ခံသူရှောင်းကျန့် .. အကုန်လုံးရဲ့အမြင်မှာ သူတို့နှစ်ယောက်လုံးက သာမာန်အထက်တန်းကျောင်းသားလေးမျှသာပဲ .. ။ ပြောသမျှနားထောင်ပြီး ရှောင်းအိမ်တော်ပေါ်က ကုပ်ကုပ်ကလေးဆင်းသွားပေးဖို့ မျှော်လင့်ခဲ့ကြလေရဲ့ .. ။
YOU ARE READING
𝚈𝚎𝚕𝚕𝚘𝚠 𝚄𝚐𝚕𝚢 𝙳𝚞𝚌𝚔𝚕𝚒𝚗𝚐「𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎」