💛_8

1.9K 256 56
                                    

Zawgyi


“ ဒီ့ထက်​မှ ထပ်​ညှပ်​ချင်​​သေးလဲ ကတုံး​သာတုံးလိုက်​​တော့ ငါ့ဘိုး​ဘေး​ရေ .. ဟုတ်​လား .. ”

“ တုံး​ပေးမှာလား .. ”

“ ဖာ့ခ်​ .. မင်းကို​တော့ တကယ်​မနိုင်​ဘူး .. ”

“ ကျန့်​​ကော အမြဲတမ်းနိုင်​ပါတယ်​ ..
ငါက အမြဲအရှုံး​ပေးမယ်​ .. ”

“​ ​တော်​စမ်း .. ဒီလို​ပြောပြီး ခိုင်းစား​နေ​တာ မသိဘူးများမှတ်​ .. ”

လက်​ထဲကဘီးနဲ့ ​ဒေါက်​ခနဲမြည်​တဲ့အထိ​ခေါင်း​ခေါက်​မိ​ပေမယ့်​ ရိ​ပေါ်က​တော့ တဟီးဟီးအူမြူး​နေတုန်း​ပါပဲ .. ။ လက်တစ်ဖဝါးစာ ​​မှန်​အ​သေး​လေးထဲ အခုမှ​ကေအသစ်​သပြီးတဲ့ ​သူ့​ခေါင်းသူပြန်​ကြည့်​ရင်းလဲ ​ကျေနပ်​​နေဟန်​နဲ့ .. ။

သူက​တော့ သ​ဘောမကျပါဘူး .. ။
ရိ​ပေါ်ကို ​ပြောလို့မနိုင်​လို့သာ လွှတ်​ထားလိုက်​ရတာ .. ။ နဂိုကတုံးဆံ​တောက်​​ကိုမှ ​ဆေးဆိုးထားတဲ့​နေရာ​တွေကုန်​တဲ့အထိ ညှပ်​​ပေးပါဆို​တော့ .. စဉ်းစားသာကြည့်​​တော့ .. ။ ဘာပဲဖြစ်​ဖြစ် သူက​တော့ .. ကတုံးမကျရုံတမယ်​ ဆံစတိုစိစိ​တွေနဲ့ ရိ​ပေါ်ရဲ့အခုလိုပုံစံကို နည်းနည်း​လေးမှ ကြည့်​ရမ​နေဘူး .. ။


“ ဗိုက်​ဆာတယ်​ .. ဘာရှိလဲ .. ”

“ မ​နေ့ကကျန်​တဲ့ ပီဇာတစ်​ပိုင်း .. ပြီး​တော့ ကြက်​​ကြော်​တစ်ခု​နဲ့အချဉ်​​ရည်​ .. ”

“ ပြင်​လိုက်​​တော့ .. အခုစားရ​အောင်​ ”

“ ငါက ပီဇာ .. ”

“ နိုး .. ပီဇာ ငါစားမှာ ..
ကျန့်​​ကောက ကြက်​​ကြော်​စား .. ”

“ ခုဏကတင်​ ငါ့ကို အမြဲတမ်း​အရှုံး​ပေးမယ်​​ ​ပြောထားသလားလို့ .. ”

“ ဟုတ်​တယ်​​လေ .. အရှုံးကို ကျန့်​​ကောဆီ​ပေးမယ်​ .. အနိုင်​က ငါ့ဆီ ကျန်​​နေခဲ့မယ်​ .. မမိုက်​ဘူးလား .. ”

“ ယီး .. ”

“ ငါ့မှာလဲပါတယ်​ .. ”

“ အကြီးကို မ​လေးမစားနဲ့ .. ”

𝚈𝚎𝚕𝚕𝚘𝚠 𝚄𝚐𝚕𝚢 𝙳𝚞𝚌𝚔𝚕𝚒𝚗𝚐「𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎」Where stories live. Discover now