Zawgyiပြောရရင် ရှောင်းကျန့်ကလဲ သူကျောင်းနားမယ့်ကိစ္စကို လွယ်လွယ်လေးသဘောတူခဲ့တာတော့ မဟုတ်ဘူး .. ။ အများကြီး ပွစိပွစိတွေ ပေါက်ပေါက်ဖောက်ပြီး .. နေ့ရက်တွေအများကြီး စိတ်ဆိုးကောင်ချိတ် မခေါ်မပြောနိုင်ဖြစ်ပြီးမှ ခေါင်းညိမ့်လာခဲ့တာ .. ။ ကျောက်တုံးထက်ပဲ ပိုမာနေသေးတဲ့ သူ့ခေါင်းကြောင့် .. လုပ်ချင်ရာလုပ် လွှတ်ပေးလိုက်တဲ့သဘောပါပဲ .. ။
အဲ့ဒီ့အစား ကတိတစ်ခုရှိတယ် .. ။
ရှောင်းကျန့် ငွေရှာနိုင်တဲ့အချိန်ရောက်တဲ့တနေ့ .. သူက ဘာအလုပ်မှမလုပ်တော့ဘဲ ရှောင်းကျန့်ရဲ့ငွေပုံပေါ်ထိုင်ပြီး အခန့်သားနဲ့ ကျောင်းပြန်တက်ဖို့ .. ။ဘာများ ခက်တာမှတ်လို့ .. ။
အဲ့ဒီတနေ့ရောက်ဖို့က အများကြီးလိုသေးတယ် .. ။ ပြီးတော့ .. အဲ့ဒီ့တနေ့ရောက်တဲ့အထိ သူက ရှောင်းကျန့်ကို ပြုစုပျိုးထောင်နိုင်ခွင့်လဲ ရှိသေးတယ် .. ။ ဘယ်လိုပဲတွက်တွက် .. သူ့ဘက်က အနိုင်ပဲ .. ။အခုလို သူ့ရဲ့ဆုံးဖြတ်ချက်အတွက်လဲ နောင်တမရပါဘူး .. ။ ကျောင်းနားလိုက်တဲ့အပေါ်လဲ စိတ်မသက်မသာဖြစ်နေတာမျိုး လုံးဝမရှိဘူး .. ။ အဲ့ဒီ့အစား ပီတိတောင် ဖြစ်နေသေးတာရယ် .. ။ ခြောက်နှစ်တောင် အလဟဿကုန်ဆုံးခဲ့ပြီးပြီမလား .. ။ သူ့ရဲ့ ရှောင်းကျန့်ကို ကျောင်းသားဘဝမှာပဲ ဆက်ပြီးပိတ်လှောင်မထားချင်တော့ဘူး .. ။ ပိတ်လှောင်ထားဖို့လဲ မသင့်တော့ဘူး .. ။ အချိန်တွေက ပုံမှန်ကုန်ဆုံးနေခဲ့တာ .. ။ ရှောင်းကျန့်ကလဲ ပုံမှန်အတိုင်း အသက်ကြီးလာဦးမှာ .. ။ ကလေးတွေနဲ့ရောပြီး ကျောင်းတက်နေဖို့က တဖြည်းဖြည်းချင်း ခက်ခဲလာခဲ့တော့မှာ .. ။
အဲ့ဒီ့အစား သူသာဆိုရင်တော့ ခြားနားတယ် .. ။ သူက ငယ်ပါသေးတယ် .. ။ နောက်ထပ် နှစ်တွေအများကြီး ကြာသွားခဲ့ပြီးရင်တောင်မှ စတိတ်ကျောင်းသားဘဝမှာ အေးဆေးကျင်လည်နိုင်သေးတယ် .. ။ ဒါကြောင့် .. ကျောင်းနားရမယ့်တစ်ယောက်က သူပဲ ဖြစ်သင့်တယ် .. ။ အလုပ်တွေ အများကြီးလုပ် .. ပိုက်ဆံတွေ အများကြီးရှာပြီး သူ့ရဲ့အထက်တန်းနောက်ဆုံးနှစ် ကျောင်းသားကြီးအတွက် သေသေချာချာကို ထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားရမယ် .. ။ အဲ့ဒီ့လိုလုပ်နိုင်မယ်လို့လဲ သူ့ကိုယ်သူ ယုံကြည်ချက်အပြည့်ရှိတယ် .. ။
YOU ARE READING
𝚈𝚎𝚕𝚕𝚘𝚠 𝚄𝚐𝚕𝚢 𝙳𝚞𝚌𝚔𝚕𝚒𝚗𝚐「𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎」