Zawgyi“ နောက်ဆုံးတော့ ဦးလေးကြီးလဲ မင်းကို အများကြီးထပ်မခိုင်းနိုင်တော့ဘူး .. ဘယ်လောက်ကောင်းလဲ .. ”
“ အင်း .. အများကြီးကောင်းတယ် .. ”
သူ့အပြောဆို တစ်ခွန်းတည်းနဲ့ အမြဲခေါင်းတန်းညိမ့်နေကျရိပေါ်က အခုလဲ ထူးမခြားနားစွာပဲ .. ။ စပ်ဖြီးဖြီးပြုံးရယ်ရင်း .. တိုစိစိ စိမ်းဖန့်ဖန့်ဆံစငုတ်စိတွေကို လက်ဖဝါးနဲ့ပွတ်သပ်လို့ရယ် .. ။
အနာကပ်ပလာစတာအခွံလေးကို လုံးချေပြီး အင်္ကျီအိတ်ကပ်ထဲ ထည့်လိုက်ရင်း .. ရိပေါ်ကို လက်ဆစ်တွေပေါက်ပြဲတဲ့အထိ စားပွဲသန့်ရှင်းရေးလုပ်ခိုင်းတဲ့ ဂိမ်းဆိုင်ပိုင်ရှင်ဦးလေးကြီးကို မျက်စောင်းခဲပြလိုက်တယ် .. ။ ဒီနေ့လွန်သွားရင် ရိပေါ်ရဲ့ လက်ဆစ်တွေထက် နေရာယူတဲ့ ပွန်းပဲ့သွေးစို့ရာတွလဲ အဆုံးသတ်သွားလိမ့်မယ်ဆိုပေမယ့်ပေါ့ .. ။ သူကတော့ ဦးလေးကြီးကို မကျေမနပ်ဖြစ်နေတုန်းပဲ .. ။
“ ဝမ်လောင်ရှီး .. ပစ္စည်းတွေအကုန် ကားပေါ်တင်ပြီးသွားပြီ .. ဒီနှစ်ခုက လွဲရင် .. ”
သူတို့ဖင်ခုထိုင်ထားတဲ့ ခရီးဆောင်အိတ်နှစ်အိတ်ကို မျက်ခုံးပင့်ပြရင်း ရှန်းဇီက မောသံကြီးနဲ့ဆိုတယ် .. ။ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်မိကြရသောပဲ .. ။ တစ်နယ်တစ်ကျေးပြောင်းရွှေ့ဖို့အရေး ပစ္စည်းတွေ သိမ်းဆည်းထုတ်ပိုးဖို့ကိုတော့ အပျင်းကြီးတဲ့ရိပေါ်က .. ရှန်းဇီတို့ လမ်းလူဆိုးလေးအဖွဲ့ကိုပဲ အကုန်လုံး သိမ်းကျုံးခိုင်းသတဲ့လေ .. ။ ကိုယ်တိုင်ကတော့ ရောက်တတ်ရာရာ ပေါက်ပေါက်ဖောက်ရင်း .. တဟီးဟီး သဘောကျလို့ .. ။ ရှန်းဇီတို့ကတော့ ချွေးတဒီးဒီးကျလို့ .. ။
“ ဒီနှစ်အိတ် .. အခုတင်လိုက်တော့ ..
ပြီးရင် မင်းတို့ပြန်လို့ရပြီ .. ”
YOU ARE READING
𝚈𝚎𝚕𝚕𝚘𝚠 𝚄𝚐𝚕𝚢 𝙳𝚞𝚌𝚔𝚕𝚒𝚗𝚐「𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎」