💛_6

2K 281 25
                                    

Zawgyi











“ မင်းတကယ်​ အဆင်​​ပြေလို့လား .. ”

“ မ​ပြေစရာရှိလား .. ”


မျက်​​မှောင်​ကြီးကြုံ့ပြီး ပြန်​​ဖြေလာတဲ့ဝမ်​ရိ​ပေါ်ကို သွား​စေ့ပြလိုက်​တယ်​ .. ။ ​နောက်​ .. လက်​ထဲကိုင်​ထား​ပေးတဲ့ မှန်​​လေးကို ​ဘေးအသာချတယ်​ .. ။

သူအညှပ်​လွန်​ပြီး ကတုံးမကျတကျဖြစ်​သွားတဲ့ ဆံစတိုစိစိ​တွေနဲ့ ဝမ်​ရိ​ပေါ်က​တော့ .. သူ့​ခေါင်းသူ လက်​ဖဝါးနဲ့ ပွတ်​သပ်​​နေ​လေရဲ့ .. ။



“ အားရီကို ဆိုး​ပေးခိုင်း​အောင်​ပါ .. ဟုတ်​လား .. ”

“ ​ရှောင်းကျန့်​ .. မင်းယီးဖြစ်​​နေတာလား .. မတအားကို အပို​တွေ​ပြော​လွန်းတယ်​ .. ”

“ ​​အေး​အေး .. မ​ပြော​တော့ဘူး ..
လာထိုင်​ .. တစ်​​ခေါင်းလုံးစိမ်း​တောက်​သွား​အောင်​ကို ဆိုး​ပေးပစ်​လိုက်​ဦးမယ်​ .. ”

“ ဒီလိုလုပ်​စမ်းပါ ​ရှောင်းကျန့်​ရဲ့ ..
ေ​​ရာ့ .. လိမ္မာတဲ့က​လေးမို့ တာ့​ကောက သကြားလုံး​ကျွေးမယ်​ .. ”



လက်​ထဲဆီထည့်​​ပေးလာတဲ့ နို့စ​တော်​ဘယ်​ရီအရသာ ချိုချဉ်​လုံးကိုကြည့်​ပြီး .. ​ခေါင်းသာ ခါယမ်းမိရတယ်​ .. ။ ဒီအရသာမကြိုက်​ပါဘူး​ပြောပြီး ဒီအရသာ​တွေပဲ ဂျပ်​ဖာလိုက်​ဝယ်​ထားတဲရိ​ပေါ်က တကယ်​နားလည်​ရခက်​တယ်​ .. ။



“ ငါ မင်းကို ပြန်​ဝယ်​​ပေးမယ်​ ..
ဘာအရသာကြိုက်​လဲ​ပြော .. ”

“ နံနံပင်​အရသာ .. ”

“ ​နောက်​​နေတာလား .. ”

“ မဟုတ်​ဘူး .. အတည်​ .. ”

“ အဲ့အရသာ ချိုချဉ်​လုံး​ရော တကယ်​ရှိလို့လား .. ”

“ မသိဘူး​လေ .. ​အော်​ ..
ဆေးဆိုးမှာသာ မြန်မြန်​​လုပ်​စမ်းပါ .. အချိန်​​တွေ မဖြုန်းနဲ့ .. ”



ဆို​တော့ .. အစိမ်း​ရောင်​ ဆံပင်​ဆိုး​ဆေးအနှစ်​​တွေကို ရိ​ပေါ်​ခေါင်းေ​ပါ် ဘရပ်​နဲ့ယူတင်​လိုက်​ရင်း ​ရှောင်းကျန့်​က အားရပါးရ​ပြန်ေ​အာ်​တယ်​ .. ။



𝚈𝚎𝚕𝚕𝚘𝚠 𝚄𝚐𝚕𝚢 𝙳𝚞𝚌𝚔𝚕𝚒𝚗𝚐「𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎」Where stories live. Discover now