💛_22 [ finale ]

4.3K 317 81
                                    


Zawgyi

လော့ယန်ရဲ့ လမ်းသွယ်ကျဉ်းလေးထဲ ခေတ်ဟောင်းကွန်ပျူတာဂိမ်းဆိုင်ရဲ့ ဘေးချင်းကပ်ရပ်မှာ တစ်ပတ်ကို လေးရက် .. လေးရက်မှာမှ မနက်ပိုင်းပဲဖွင့်တဲ့ ပေါင်မုန့်ဆိုင်လေးတစ်ဆိုင်ရှိတယ် .. ။

ပေါင်မုန့်အလွတ်တစ်မျိုးပဲရတဲ့ အဲ့ဒီ့ဆိုင်လေးက ဆိုင်ရှေ့မျက်နှာစာမှာ အဝါဖျော့ရောင် ဆေးသုတ်ထားပြီး .. အတွင်းပိုင်းကိုတော့ အစိမ်းရောင်စားပွဲဝိုင်းငယ်တွေနဲ့ အလှဆင်ထားတယ် .. ။ စားပွဲဝိုင်းငယ်ပေါ်မှာတော့ အနီရောင်ဖန်ဘူးငယ်တွေချထားပြီး .. နို့စတော်ဘယ်ရီအရသာ ချိုချဉ်လုံးတွေ အပြည့်အမောက် ထည့်ထားတယ် .. ။

ဘယ်လိုစိတ်ကူးနဲ့လဲ မသိပေမယ့် ပေါင်မုန့်လာစားတဲ့ဖောက်သည်တွေကတော့ သူတို့ ဆိုင်ကပြန်ချိန်တိုင်း ချိုချဉ်လုံးလေးတွေ ယူသွားတတ်ကြတယ် .. ။ ကျောင်းသူငယ်လေးတွေက သူတို့စာကြည့်ရင်း အိပ်ချင်‌ပြေဖို့ .. ကလေးတို့မာမားတွေကျ ကလေးငယ်လေးတွေငိုရင် ချော့ဖို့ .. အင်း လူမျိုးစုံ အကြောင်းပြချက်မျိုးစုံနဲ့ပါပဲ .. ။

ဆိုင်ရှင်ကောကောကတော့ ပြောတယ် .. ။ နို့စတော်ဘယ်ရီအရသာ ချိုချဉ်လုံးတွေက ဈေးပေါပေမယ့် ချစ်ခြင်တရားကတော့ လေးနက်တယ်တဲ့ .. ။

သူတို့ကတော့ ချိုချဉ်လုံးလက်တစ်ဆုပ်ယူပြီး ဟီးခနဲ ပြုံးပြလိုက်တာပဲ .. ။ ဆိုလိုရင်းကို နားလည်လို့လားဆိုရင်တော့ .. သေချာပေါက်မဟုတ်ဘူးပေါ့ .. ။ ဆိုင်အပြင်အဆင်ကို ဝါ စိမ်း နီ ကာလာသုံးမျိုးပေါင်းစပ်ပြီး ချိုချဉ်လုံးကမ်းတက်တဲ့ ဆိုင်ရှင်ကောကောရဲ့ ထူးဆန်းတဲ့စိတ်သဘောကို .. သူတို့လို ကျောင်းသူပေါက်စလေးတွေက ဘယ်မှာ နားလည်နိုင်လိမ့်မှာလဲ .. ။ ဒီအတိုင်းပဲ ကောကောအရမ်းချောလို့ နေ့တိုင်း ပေါင်မုန့်ဝယ်စားပြီး ရတဲ့အချိန်လေး အာချောင်ကြည့်တာ .. ။

ပြီးတော့ ပြောရဦးမယ် .. ။
ဆိုင်ရှင်ကောကောရဲ့ ပေါင်မုန့်ဆိုင်လေးမှာ နံနံပင်တွေထည့်စိုက်ထားတဲ့ ပန်းအိုးပုစိလေးလဲ ရှိသေးတယ် .. ။ အဲ့ဒီ့နံနံပင်ပုစိတွေကိုပဲ အရိပ်တကြည့်ကြည့်နဲ့ ရေဖြန်းပေးလိုက် နေရောင်ခြည်ရအောင် ပြတင်းတံခါးဖွင့်ပေးလိုက်နဲ့ .. ကောကောက သိပ်လဲ ဂရုတစိုက်ရှိလွန်းတယ် .. ။ ဘယ်ကောင်မလေး လက်ဆောင်ပေးထားတာလဲတော့ မသိဘူးပေါ့ .. ။ တစ်ခါ .. လက်ကောက်ဝတ်တစ်ဖက်မှာ V² လို့ ဆိုင်းထိုးထားတဲ့ တက်တူး‌သေးသေးလဲ မြင်ဖူးထားသေးတော့ .. အဲ့ဒီ့ ကောင်မလေးနာမည်က VeVe များ ဖြစ်မလားပဲ .. ။ မဟုတ်ရင် ဘာရှိသေးလဲ .. ။ အိုင်းယိုး .. ထားလိုက်ပါတော့ .. ။ အဓိကက ခုမှလာမှာ .. ။

𝚈𝚎𝚕𝚕𝚘𝚠 𝚄𝚐𝚕𝚢 𝙳𝚞𝚌𝚔𝚕𝚒𝚗𝚐「𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎」Where stories live. Discover now