Zawgyi“ ဆရာကြီးက အကုန်လုံးကို ရှင်းပစ်လိုက်ပြီ ဝမ်လောင်ရှီး .. ငါတို့ အသက်ရှင်နိုင်ပြီ .. ”
“ ... ”
ရှန်းဇီရဲ့အသံက လောလောလတ်လတ် သူ့နားနားကပ်ပြောလိုက်သလိုပဲ .. ။ သူ့မှာ ထိတ်လန့်လွန်းလို့ .. မျက်ဝန်းအစုံ ဖျတ်ခနဲပွင့်ပြီး ချက်ချင်းကို ထထိုင်မိရတယ် .. ။
ဇောချွေးတွေကတော့ဖြင့် .. နားထင်စပ်နဲ့ ခေါင်းတစ်ခုလုံးတင်မက ကျောဘက်အထိပါ ရွှဲရွှဲစိုလို့ .. ။
“ ဘာဖြစ်တာလဲ .. အိပ်မက်ဆိုး မက်လို့လား .. ”
“ မဟုတ်ဘူး .. ရှူးပေါက်ချင်လို့ .. ”
“ အိပ်ရာဝင်ခါနီးရင် ပေါက်လေ .. အပျင်းမကြီးနဲ့ .. ”
“ အင်း .. ငါမေ့သွားတာ .. ”
“ အခုသွားမလား .. လိုက်ပို့ပေးမယ် .. ”
“ ရတယ် .. ငါ့ဘာသာ သွားလိုက်မယ် .. မင်းသာ ပြန်အိပ်ပျော်အောင်အိပ် .. ”
“ ... ”
တရေးနိုးမှာတောင် အိပ်ချင်မူးတူးနဲ့ လေပေါနေနိုင်သေးတဲ့ရှောင်းကျန့်က တကယ်အံဩစရာပဲ .. ။
ခြေရင်းဆီ ကန်ချထားမိတဲ့ စောင်ပါးလေးကိုပြန်ကောက်ယူပြီး မျက်နှာပေါ်ပစ်တင်ပေးလိုက်တယ် .. ။ နောက် .. ခပ်သုတ်သုတ်ပဲ သန့်စင်ခန်းရှိရာဆီ ထွက်ခဲ့လိုက်တယ် .. ။ မဟုတ်ရင် .. ရှောင်းကျန့် ခေါင်းအုံးနဲ့ကောက်ပေါက်တာ ခံရပါလိမ့်မယ် .. ။
တွိုင်းလက်ပေါ် အဖုံးမဖွင့်ဘဲ ဒီအတိုင်း ဝင်ထိုင်လိုက်တယ် .. ။ ညသန်းခေါင်ကြီးမို့ ရေချိုးခန်းလာသုံးမှာလဲ ပူနေစရာမလိုတော့ .. အခန်းကိုပါ တစ်ခါထဲ လော့ခ်ချပစ်ခဲ့တယ် .. ။
မျက်နှာပေါ်ကချွေးစေးတွေကို လက်ဖဝါးနှစ်ဖက်နဲ့ စုံလိုက်ပွတ်သုတ်လိုက်တယ် .. ။ နောက် .. လက်နှစ်ဖက်လုံး လည်ဂုတ်ပေါ်ယှက်တင်ပြီး မျက်ဝန်းအစုံ မှေးမှိတ်လိုက်တဲ့အခါ .. လော့ယန်မှာ ကုန်ဆုံးခဲ့တဲ့နေ့ရက်တွေက အစီအစဉ်မကျစွာ ပုံရိပ်ထင်လာတယ် .. ။ လေပူတွေသာ ဆင့်ကဲမှုတ်ထုတ်မိရသောပါပဲ .. ။
YOU ARE READING
𝚈𝚎𝚕𝚕𝚘𝚠 𝚄𝚐𝚕𝚢 𝙳𝚞𝚌𝚔𝚕𝚒𝚗𝚐「𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎」