[ ❀ 𝒁𝒂𝒘𝒈𝒚𝒊 ❀ ]
ကျောင်းတတ်လိုက်၊ ကျောင်းပိတ်လိုက်နှင့် သံသရာလည်နေသည်။ စာမေးပွဲကြီးကိုသာမြန်မြန်ပြီးစေချင်သည်။အိမ်ကိုလဲပြန်ချင်နေပြီ။ကျောင်းပိတ်တော့ မိုမို အားနေသည့်အတွက်ခြံထဲဆင်းကာအပင်ရေလောင်းနေလိုက်၏။ အိပ်ခန်းထဲမှာ ခွေခေါက်ပြီးမနေချင်တော့။
မွန်းကျပ်သလိုလိုကြီးဖြစ်လာသည်။အဲ့လိုမျိုးကြီးကို သူသဘောမကျ။ ထုံးစံအတိုင်း ဦးဈာန်ကတော့ companyကိုသွားသည်။
အိမ်မှာ သူနှင့်ကိုကြီးဇော်ရှိုင်းသာကျန်ခဲ့သည်။ကိုကြီးဇော်ရှိုင်းက နေ့လယ်စာပြင်ဆင်နေတော့ မိုမို အပင်ရေလောင်းနေလိုက်သည်။
ပန်းပင်တွေရေလောင်းလိုက်၊ ရေဆော့လိုက်နှင့်အေးအေးဆေးဆေး။ အေးစိမ့်စိမ့်ရေဓာတ်ကလေးကို မိုမိုသဘောကျသည်။
သီချင်းလေးတညည်းညည်းနှင့် အပင်ရေလောင်နေလိုက်ပြီး အတွေးတွေကတောင်ရောက်လိုက်မြောက်ရောက်လိုက်နှင့်။
"ဟိတ်"
အပင်ရေလောင်းနေရင်း အသံကြားလိုက်ရ၍ မိုမိုလှည့်ကြည့်လိုက်သည်။ ဘယ်သူမှမရှိ။ သေချာအောင်ကြည့်သော်လဲ မတွေ့။
"ဟိတ် ကိုကို"
သေသေချာချာကြားလိုက်ရသည့်အသံကြောင့် မိုမိုထပ်ရှာလိုက်သည်။ ခုမှတွေ့တော့သည်။
တစ်ဖက်ခြံကပဲ။ အုတ်တံတိုင်းကြီး၏ ကနုတ်ပုံအပေါက်ကလေးထဲ ခေါ်နေတာ။ သေသေချာချာကြည့်လိုက်တော့ကောင်လေးတစ်ယောက်။
"ငါ့ကိုခေါ်တာလား"
သူ့ကိုချောင်းကြည့်ကာခေါ်နေသည့်ကောင်လေးကြောင့်မိုမိုမေးလိုက်တော့ ထိုကောင်လေးကခေါင်းညိတ်သည်။
ကွယ်နေသည်မို့ မျက်နှာကိုသေချာတော့မမြင်ရသေး။ ကြည့်ရတာတော့ သူထက်ငယ်ပုံရသည်။
မိုမိုလဲ ရေပိုက်ကိုပိတ်ကာ ထိုအနားသို့သွားလိုက်သည်။
"ဘာလို့လဲ"
"ကျွန်တော်က ဒီဘက်ခြံကဗျ...တစ်ယောက်တည်းပျင်းလို့ လျောက်ကြည့်နေရင်း ကိုကို့ကိုတွေ့လို့"