[ ❀ 𝒁𝒂𝒘𝒈𝒚𝒊 ❀ ]
"ဘဲပေါက်""__"
"ဘဲပေါက်လေး..ကိုယ့်ကိုနည်းနည်းတော့အဖတ်လုပ်ပါဦးဘဲပေါက်ရယ်"
တွေ့ချင်လို့ မရရအောင်မိဘတွေဆီကခွင့်တောင်းပြီးခေါ်လာတာကို ဘဲပေါက်လေးကသူ့ကိုအရေးမစိုက်။
စတော်ဘယ်ရီခင်းထဲဆင်းကာ ခြင်းတစ်လုံးနဲ့စိတ်ကြိုက်ခူးနေသည်။
မခူးနဲ့ပြောရင်လဲ ကောက်ဦးမည်။ ကလေးမုန့်ပေးပြီးကြိုက်ထားတာဆိုတော့လဲ သည်းခံနေရသည်။
"မိုမိုပေါက်စ...စကားလေးဘာလေးပြောရအောင်လေ...ပြီးမှဆက်ခူးနော်"
သူပြောတာကိုနားမထောင်။ စတော်ဘယ်ရီသီးကိုသာအာရုံရောက်နေရှာသည်။ တမင်လုပ်နေတာလဲမဖြစ်နိုင်။
တကယ့်ကို သူ့ကိုအာရုံထဲမရှိတာ။
အသက်၃၀ကျော်မှာ ဖြူဖြူအုအု ကလေးသာသာရည်းစားလေးကိုရထားတော့ သူရိန်ဈာန်တို့ စိတ်တောင်မမှန်ချင်တော့။
သို့သော် ခက်တာက သူ့ကိုစတော်ဘယ်ရီသီးလောက်တောင်အဖတ်မလုပ်။စတော်ဘယ်ရီသီးနဲ့ယှဉ်လိုက်ရင် သူကအမြဲလိုလိုနောက်ကျန်ခဲ့သည်။
တကုပ်ကုပ်နှင့် အလုပ်ရှုပ်နေသူလေးကိုတကယ်စိတ်မရှည်တော့။ ဒါတော့များသွားပြီ။
ချိန်တွေ့ပါဆို ခုထိအရေးမစိုက်သေးဘူး။
"လာခဲ့... အဲ့တာတွေကိုထားခဲ့"
"အားး! ဦးဈာန်!"
ခပ်စူးစူးအော်သံလေးကိုလျစ်လျူရှု့ပြီး ကောက်ပွေ့သွားလိုက်တော့ စတင်ရုန်းပြန်သည်။
"ငြိမ်ငြိမ်နေနော် ....လွှတ်ချလိုက်မယ်"
အဲ့တော့မှာ သူ့လည်တိုင်ကိုဖက်ပြီးငြိမ်သွားသည်။ ခုမှပိုတောင်ဆိုးချင်သလိုဖြစ်လာသည် ဘဲပေါက်။
အလိုလိုက်ထားတော့ အဆိုးလေးဖြစ်လာသည်။
"ကိုယ်နဲ့တွေ့ချင်လို့လိုက်လာတာလား...စတော်ဘယ်ရီသီးစားချင်လို့လိုက်လာတာလား"
"ဦးဈာန်ကလဲမေးတတ်နော်...ဦးဈာန်ကိုတွေ့ချင်လို့ပေါ့...စတော်ဘယ်ရီသီးကတော့ ကျံန်တော့်အကြိုက်လေ.. ဟိဟိ...စိတ်မဆိုးနဲ့နော် မွ!"