Part_15

15.8K 1.7K 69
                                    

[ 🌿 𝒁𝒂𝒘𝒈𝒚𝒊 🌿 ]

   
"ကိုကြီးဇော်ရှိုင်း"

"ပြော..ဘာကိစ္စ"

"မေးစရာရှိလို့ လာစမ်းပါဦး"

အရေးတကြီးကိစ္စမေးမြန်းတော့မလိုပုံစံနှင့် ဇော်ရှိုင်း၏ လက်ကိုဆွဲကာ အိမ်ထဲဝင်လာခဲ့သည်။

ဦးဈာန်ကအလုပ်သွားတော့ သူတို့၂ယောက်တည်း။ နည်းနည်းပါးပါး မေးစရာရှိတာမေးရမည်။

"ဒီမှာထိုင်"

တအားကြီးသဘောကောင်းနေသည့် မိုမိုကြောင့် ဇော်ရှိုင်းနည်းနည်းတော့ ကြောက်သလိုလိုရှိသား။ ဘာလို့မှန်းမသိ။ ဒီလက်တောက်လောက်ကလေးကိုသူ့မှာကြောက်နေရတာ။

ဆရာဖြစ်သူကလဲ အလိုလိုက်ထားတော့ ဒီကောင်လေးကနည်းနည်းတော့ဂျစ်တစ်တစ်ဖြစ်ချင်သည်။

ဆိုဖာပေါ်၂ယောက်သားထိုင်လိုက်ပြီး မိုမိုကဘေးနားလာထိုင်သည်။ over size တီရှပ်ပွပွလေးနှင့် ကာကီရောင်shot pantလေးကိုဝတ်ထားပုံက ချစ်ဖို့တော့ကောင်းသည်။

"ဘာမေးမလို့လဲ...ထူးထူးဆန်းဆန်း"

"မေးစရာတခြားမရှိပါဘူး...ဟိုတာလေ အရပ်ရှည်အောင်ဘယ်လိုလုပ်ရမလဲလို့ အဲ့တာသိလား"

မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နှင့်မေးလာသည့်မိုမိုကြောင့်ဇော်ရှိုင်းကြောင်တောင်တောင်ဖြစ်သွားသည်။

ဘာကိစ္စဒါကိုမေးရတာလဲ။ ထူးထူးဆန်းဆန်း။

"ဘာလို့လဲ"

"မဟုတ်ဘူးလေ...ကိုကြီးမှာနည်းလမ်းတော့ရှိရမယ်...ဒီလောက်တောင်ဦးဈာန်နီးပါးအရပ်ရှည်နေတာကို နည်းလမ်းတော့ရှိတယ်မလား...ပြောပြပါနော်"

"နည်းလမ်း...ဟုတ်လား မရှိပါဘူး...ငါအရပ်ရှည်တာက မျိုးရိုးနဲ့လဲဆိုင်တယ်လေ...ငါ့အဖေကအရပ်ရှည်တယ်..ငါက အဖေဘက်ကိုတူတော့ အဖေ့လိုပဲအရပ်ရှည်တယ်"

"ဟုတ်လို့လား...မယုံဘူး..ဘာလို့ကျွန်တော်ကျ မရှည်တာလဲ"

ထုံးစံအတိုင်း ဘဲလေးလိုမျိုးဘဲနှုတ်သီးလေးကရှေ့ထွက်လာသည်။

ဟိုး ဒီကကိုကြီးကတော့ ဘဲနှုတ်သီးမြင်လိုက်လို့ ချော့မဲ့အထဲမပါဘူးနော်။

TREASURE : BABY MOHikayelerin yaşadığı yer. Şimdi keşfedin