[ ❀ 𝒁𝒂𝒘𝒈𝒚𝒊 ❀ ]
အိမ်ကိုပြန်ရောက်ကတည်းကမိုမိုလေး
ဆီကိုသူဆက်သွယ်ဖြစ်သည်။ညတိုင်း
လိုလိုဖုန်းဆက်ဖြစ်သည်။သူ့အလုပ်အားတဲ့အခါ၊ ဘဲပေါက်ကလေး
ပျင်းတဲ့အခါမျိုး၂ယောက်သားဖုန်းဆက်
ရင်းအလွမ်းဖြေတတ်သည်။သူ မအားရင်တောင် Lineပေါ်မှ
ဘဲပေါက်လေးဘာpostတွေတင်နေလဲ
ဆိုတာကိုလိုက်ကြည့်ရသေး။နာမည်ကြီးသူလေးပီပီ ဘဲပေါက်လေး
အကြောင်းတွေကိုတော့ ပလူကိုပျံနေလျက်။ဟိုအရင်တစ်ခါ hot pot သွားစားတုန်းက
ကိစ္စကို တခြားသူတွေက ရမ်းသမ်းပြီးအတွဲ
တွေလို့ပြောကြပေမဲ့ ဘဲပေါက်လေးက
ဘာမှမဖြေရှင်းဘဲ နေတော့ အာလုံးက
သူတို့၂ယောက်ကို တွဲနေပြီဟုယုံကြည်
ကြတော့သည်။ဒါကလဲ ကောင်းတာပဲလေ။ဘဲပေါက်လေး
နဲ့သူ့အကြောင်းသိသွားတော့ တခြားလူ
တွေ သူဲ့ဘဲပေါက်လေးကိုထိလို့မရ
တော့ဘူးပေါ့။ဘဲပေါက်လေးနဲ့သူ့အကြောင်းနာမည်ကြီး
ပြီးသိပ်မကြာပါ သူ့အကြောင်တွေလဲပလူ
ပျံလာတော့သည်။Zan လုပ်ငန်းစုရဲ့CEOဖြစ်ပြီးအသက်
ကဘယ်လောက်၊ အရပ်ကဘယ်လောက်
ဘာညာတွေစုံစိနေသည်။အရင်တုန်းကတည်းက သူအင်တာဗျူး
တွေမှာဖြေဖူးတာတွေကိုရှာတွေ့လာပုံ
ရသည်။စီးပွားရေးလုပ်ငန်းရှင်းကြီးနဲ့ ဆေးကျောင်း
သားလေးအချစ်ဇာတ်လမ်းက လောလော
ဆယ် ရေပန်းစားနေသည်။-------------
နည်းနည်းလေးအားလို့ ဖုန်းလေးဖွင့်ကြည့်
ရုံရှိသေး မြင်လိုက်ရတဲ့သတင်းကဘဲပေါက်
လေးအကြောင်း။ကောင်လေးတစ်ယောက်ရဲ့ရင်ခွင်ထဲ
ရောက်နေပြီး ဘေးနားကကောင်မလေး
တစ်ယောက်။ကြည့်ရတာပြဿနာဖြစ်နေပုံ။သူ့ဘဲပေါက်
လေးကတော့ ဟိုကောင်လေးရဲ့ရင်ခွင်ထဲ
ကကိုမထွက်။ဟိုကလဲ ဖက်ထားလိုက်တာတင်းတင်း
ကျပ်ကျပ်။ဘာတွေလဲ။
လောလောဆယ် နာမည်ကြီးနေတဲ့case
ဖြစ်ပုံရတဲ့အတွက် ကြာကြာမစုံစမ်း
လိုက်ရ။