[ ❀ 𝒁𝒂𝒘𝒈𝒚𝒊 ❀ ]
ခုဆို မိုမို ပထမနှစ်ဖြေပြီးသွားပြီ။
အကောင်းဆုံးဖြေနိုင်ခဲ့တာမို့ ဘာအခက်
အခဲမှမရှိ။စာရပြီးသားဆိုတော့ မိုမိုကအေးအေး
ဆေးဆေးလေးဖြေရုံပဲ။အစားမက်ပေမဲ့ မိုမိုကတအားဉာဏ်ကောင်း
လှသည်။ငယ်ငယ်ကတည်းကဆရာဝန်
ဖြစ်ချင်တဲ့ အိမ်မက်ရှိတာမို့ တကယ်လဲ
ကြိုးစားသည်။အခန်းထဲမှာဆို အမြဲတမ်းroll 1ပဲ။
စာမေးပွဲဖြေပြီးသွားပေမဲ့ မိုမိုမပြန်ဖြစ်သေး။
ဦးဈာန်၏ မိဘတွေက လာမည်ဟုဆို
သောကြောင့် ၁ပတ်လောက်ထပ်နေဖို့
ဆုံးဖြတ်လိုက်သည်။ဦးဈာန်က ဘာတွေပြောထားလဲမသိ။
အန်တီတို့ကတောင်လာတော့မယ်ဆို
တော့ မိုမို နည်းနည်းတော့လန့်သည်။"ဘာမှတော့မဖြစ်လောက်ပါဘူးနော်
အတ္တ..ငါနည်းနည်းကြောက်တယ်""မဖြစ်ပါဘူးဆိုနေ..သတ္တိလေးထားစမ်း
ပါ"တစ်ယောက်တည်း ဦးဈာန်မရှိတုန်း အတ္တ
နဲ့တိုင်ပင်ဖြစ်သည်။ မိဘတွေတောင်လိုက်
လာတယ်ဆိုတော့ ရင်တုန်သည်။ပြီးတော့ ဦးဈာန်မိဘတွေကို သူငယ်ငယ်
ကပဲ မြင်ဖူတာလေ။ ခုတစ်ခါမှမှမမြင်ဖူး
တာ။"ကျွန်တော်စုံစမ်းရသလောက်ကတော့
သူတို့မိသားစုက သဘောကောင်းပုံရတယ်..
ဦးသူရိန်ရဲ့မေမေကလဲအေးအေးဆေးဆေး
နဲ့သဘောကောင်းတယ်.မောက်မောက်မာ
မာမရှိဘူး..အေးဆေးပဲ""အေးပါ..တော်သေးတာပေါ့"
"ကြောက်မနေနဲ့..တစ်ခုခုလုပ်ရင်Daddy
ကိုသာလှမ်းတိုင်သိလား""ok စိတ်သာချ"
ဟုတ်တယ်။ သူ့ကို ဇာတ်လမ်းထဲက
အဒေါ်ကြီးတွေလို ငါသားနဲ့မပက်သက်နဲ့
ရော့ငွေ ကြိုက်သလောက်ယူသွားဆို
ရင်တော့တစ်ခါတည်းDaddyကို
ဖုန်းဆက်ပြီးသားပဲ။ဘာခက်တာမှတ်လို့။
--------------
"ဦးဈာန်"
"အင်း ပြောလေ"
"ဦးဈာန်ရဲ့မေမေကလေ ကျွန်တော့်
ကိုသဘောကျပါ့မလားဟင်"