[ ❀ 𝒁𝒂𝒘𝒈𝒚𝒊 ❀ ]
"ကိုကိုမျက်နှာလေးနွမ်းနေတာပဲ...နေလို့ရောသက်သာလားဟင်"မိုမို၏ မျက်နှာလေးအားကြည့်ကာစိုးရိမ်တကြီးစိုနေသည့် ဟိုဘက်အိမ်ကကလေးကိုကြည့်ကာ သူရိန်ဈာန် မျက်ခုံးပင့်မိသည်။
ဘဲပေါက်ကလေးဖျားနေတာကိုသိသွားပြီး အခန်းထဲဝင်ကာ စကားကိုတတွတ်တွတ်ပြောတော့သည်။
ဒီအသေးလေး၂ယောက်ကတော့ တကယ်ပါပဲ။
"ကိုယ်နည်းနည်းပူနေသေးတယ်...ဂရုစိုက်နော်ကိုကို...ကျွန်တော်က စာမေးပွဲရှိလို့ ဒီရက်ထဲလာနိုင်မှာမဟုတ်ဘူး"
မိုမို၏ ပါးလေးကိုကိုင်ကာပြောသည့် ဇေယျ။ သူရိန်ဈာန် ခုံပေါ်ထိုင်ရင်းခြေထောက်ကိုချိတ်၊ လက်ပိုက်ကာကြည့်နေလိုက်သည်။
"အင်းပါ..ငါကနေကောင်းခါနီးပါပြီ...မင်းသာစာမေးပွဲကိုသေချာဖြေနော်"
"စိတ်ချပါဆို...ဦးလေး.. ကိုကို့ကိုသေချာလေးဂရုစိုက်ပေးနော်"
သူ့ဘက်ကိုလှည့်ကြည့်ကာဆိုသည့် ဇေယျကြောင့် သူသိပ်တောင်အလိုမကျချင်။ ဒီလောက်တော့သူသိပါသည်။
မိုမို နေမကောင်းကတည်းက companyတောင်မသွားဘဲ အနားနေပြီး ဂရုစိုက်နေတာ။
ဒါက မသိဘဲ ဒီကောင်လေးက သူ့ကိုဆရာလာလုပ်နေသည်။
"ကိုယ်အမြဲတမ်းသူ့ကိုဂရုစိုက်ပါတယ်..မင်းသာစာမေးပွဲသေချာဖြေ"
"ဟုတ်ကဲ့ပါဦးလေးရဲ့"
စကားတွေလဲ ပြောလို့မပြီးနိုင်မစီးနိုင်။သူတောင်တစ်ခါတလေနားမလည်သည့်အရာများကိုပြောနေသေးသည်။
ဟိုဘဲပေါက်ကလေးကလဲ စောနကတော့ အိပ်ရာထဲ တုံးလုံးပက်လက်။ ဟိုကောင်လေးလာတော့ ငေါက်ခနဲ့ထလာပြီးဇေယျယူလာသည့် မုန့်တွေစားလိုက်၊ သောက်လိုက်နှင့် ဘေးနားရောက်နေသည့် သူ့ကိုတောင်အရေးမစိုက်။
မိုမို့ဆီမှ အရေးမစိုက်ခြင်းကြောင့် သူရိန်ဈာန်နေရခက်သွားသည်။
"ကဲ..မင်းတို့စကားပြောနှင့်ကြ...ကိုယ်အလုပ်စားပွဲခဏသွားဦးမယ်"