[ ❀ 𝒁𝒂𝒘𝒈𝒚𝒊 ❀ ]
ဧည့်ခန်းထဲမှ ဆိုဖာပေါ်ထိုင်ရင်း မိုရံစိတ်လှုပ်ရှားမိသည်။ သူ့သားလေးမိုမိုပြန်လာတော့မယ်မဟုတ်လား။၃လလောက်ခွဲရတာဆိုတော့တော်တော်လေးလွမ်းလှသည်။
ဒီကလေးနဲ့က ဒီလောက်အကြာကြီးတစ်ခါမှခွဲဖူးတာမဟုတ်။
အငယ်လေးကသာ အဖိုးအဖွားတွေဆီသွားလည်ရင် ၁လ၂လအထိနေတတ်ပေမဲ့ မိုမိုလေးကတော့ အဲ့လိုမဟုတ်။
အလွန်ဆုံး ၁ရက်၂ရက်အထိသာနေသည်။ ဖခင်ကိုခင်တွယ်သူမို့ ဖခင်တွေမပါဘဲ ဘယ်မှမသွားချင်။ခုတောင် ကျောင်းတတ်ရမှာမို့လွှတ်လိုက်ခြင်း။
"မိုမိုကခဏနေရောက်တော့မှာပါဖေဖေရာ...ငြိမ်ငြိမ်လေးနေပါဦး"
ဘေးနာတွင် ထိုင်နေသည့် အတ္တနက္ခတ်၏ စကားကြောင့် မိုရံ လှည့်ကြည့်လိုက်သည်။ ဒီကလေးကတော့ တကယ်ပါပဲ။
"ဟုတ်ပါပြီ...မိုမိုလေးကမတွေ့တာကြာလို့ပါ"
"မိုမို့ကိုတွေ့ချင်တာရော ဟုတ်လို့လား...Daddyပြန်လာမှာမို့ စိတ်လှုပ်ရှားနေတာမဟုတ်လားဖေဖေရာ"
"တိတ်! ကလေးကလေးလိုနေ"
မိုရံပြောပြီးတစ်ဖက်သို့အကြည့်လွှဲလိုက်သည်။ ဒီကလေးကတော့ အဖေဖြစ်သူကိုလဲ စလိုက်ရမှကျေနပ်တဲ့ကလေး။
တီ!
ဟွန်းတီးသံကြောင့် ဇိမ်းတို့ပြန်လာပြီဆိုတာသိလိုက်သည်။ မိုရံထိုင်နေရာမှထကာ အိမ်အဝသို့သွားလိုက်တော့ ရပ်လာသည့်ကား။
အတ္တကလဲ ဘေးနားတွင် လက်ပိုက်ကာရပ်နေ၏
"ဖေဖေ့!"
ကားတံခါးဖွင့်ဖွင့်ချင်း ပြေးထွက်လာသည့်မိုမိုလေး။
့ဖြူဖြူလုံလုံးလို ပေါက်စီလေးက သူ့ဆီပြေးလာသည်။ မျက်နှာလေးကပြုံးလျက်။
"မိုမိုလေး"
"အီးးး ဖေဖေ့ကိုလွမ်းလိုက်တာ"
ပုပုလုံးလုံးသားဖြစ်သူအား မိုရံဖက်ထားလိုက်၏။ သူ့သားလေးကပိုချစ်စရာကောင်းလာသည်။
မတွေ့တာကြာလို့လားမသိ။ အသားလေးကပိုတောင်ဖြူလာသည်။
ထိုစဉ် ကျောပိုးလွယ်အိတ်လေးကိုကိုင်ကာ အနားရောက်လာသည့်ဇိမ်းက မိုမိုလေး၏ ခေါင်းလေးကိုဖွဖွလေးပုတ်သည်။