Part_23

13.8K 1.7K 190
                                    

[ ❀ 𝒁𝒂𝒘𝒈𝒚𝒊 ❀ ]

မိုမို တမင်သက်သက် ဦးဈာန်ကို ဖုန်းမခေါ်ဘဲထားလိုက်သည်။ ခုလောက်ဆို ဘယ်လိုနေမလဲမသိ။

သူ့ကိုရောသတိရရဲ့လားမသိဘူး။ မနက်က ရေကူးနေသည့် ပုံလေးတွေကို Igတွင်တင်လိုက်သေးသည်။

သေချာပေါက်ဦးဈာန်မြင်လောက်သည်။ဒါကိုတောင် ဖုန်းမခေါ်သေး။ အရင်လို သူကစခေါ်မယ်ထင်နေတာလားမသိ။

မိုမိုလုံးဝမခေါ်နိုင်။ အတ္တပြောသလို အတင်းဝင်လုံးလို့မဖြစ်ဘူး။ နည်းနည်းလေးတော့ခပ်ချေချေနေလိုက်ဦးမည်။

ရုတ်တရက် အသံမြည်လာသည့် ဖုန်းကြောင့် မိုမိုရင်ထဲထိတ်ခနဲ့။

ဘေးနားချထားသည့် ဖုန်းကိုအသာလေးယူကြည့်တော့ ဦးဈာန်။ သူပျော်သွားသည်။

နောက်ဆုံးတော့ သူ့ကိုဖုန်းဆက်လာပြီ။ အသက်ကိုပြင်းပြင်းရှူလိုက်ရင်း ဖုန်းကိုင်လိုက်တော့တစ်ဖက်က ချက်ချင်းထွက်လာသည့်အသံ။

"ဘဲပေါက်လေး"

မတွေ့တာကြာလို့လားမသိ။ ဦးဈာန်၏ အသံကခါတိုင်းထက်ပိုပြီးနားထောင်ကောင်းနေသလို။

"ဦးဈာန်"

"နေနိုင်လိုက်တာဘဲပေါက်...ဖုန်းတောင်မဆက်ဘူး"

"ဦးဈာန်ကလဲ မေ့သွားလို့ပါ...အိမ်ရောက်တော့ ဖေဖေတို့ကိုစကားပြောရင်းဖုန်းဆက်ဖို့မေ့သွားလို့"

"အင်းပါ...ဟုတ်ပါပြီ"

"ဦးဈာန်အိပ်တော့မလို့လား"

ည၉နာရီလောက်ရှိပြီဖြစ်၍ မိုမိုမေးလိုက်ခြင်း။ခါတိုင်းဆို သူနဲ့အတူတူအိပ်နေကျလေ။

"အင်း...အိပ်တော့မလို့...မအိပ်ခင်ဖုန်းလှမ်းဆက်လိုက်တာ"

"ဟုတ်ဟုတ်...ကျွန်တော့်ကိုလွမ်းရင် ဘဲရုပ်ကိုဖက်ထားလိုက်ဦးဈာန် "

သူကသာသဘောတကျပြောနေပေမဲ့ တစ်ဖက်မှ ဦးဈာန်၏ သက်ပြင်းချသံခပ်သဲ့သဲ့ကိုကြားလိုက်သည်။

မိုမိုနည်းနည်းတော့ အံ့သြသွားသည်။

"ဘာဖြစ်လို့လဲဦးဈာန်...စိတ်ရှုပ်စရာတွေရှိလို့လားဟင်"

TREASURE : BABY MODonde viven las historias. Descúbrelo ahora