Part_31

15.1K 1.5K 71
                                    

[ ❀ 𝒁𝒂𝒘𝒈𝒚𝒊 ❀ ]

ရေစိုနေတဲ့ ဘဲစုတ်လေးကိုအိမ်ထဲ
လက်ဆွဲကာခေါ်လာရသည်။တစ်ကိုယ်
လုံးစိုရွဲနေတာ ဖျားတော့မှာပဲ။

"လာ အပေါ်ထပ်သွားမယ်"

လက်ဆွဲကာခေါ်လာတော့လဲငြိမ်ငြိမ်
လေးလိုက်လာသည်။အပေါ်ထပ်ရောက်
တော့ သူ့အခန်းထဲကိုသာ ဝင်ခဲ့လိုက်ပြီး
ရေချိုးဖို့လုပ်ပေးရသည်။

ညစ်ပေနေတာ မချိုးလို့မရ။

"ကိုယ်ရေနွေးနွေးစပ်ပေးထားမယ်..
အဝတ်အစားတွေချွတ်ထားနော်"

"ဟုတ်"

ရေချိုးခန်းထဲဝင်ပြီးရေနွေးနွေးလေးစပ်ပေး
ရသည်။ သေချာလေးလုပ်ပေးပြီးမှ
ဘဲပေါက်လေးက အခန်းထဲဝင်လာ၏။

ချမ်းနေပုံရသည်။ မျက်နှာလေးကဖြူ
နေပြီး လက်ချောင်းထိပ်လေးတွေက
အရည်တွန့်နေလျက်။

"အကြာကြီးမလုပ်နဲ့နော်..ကိုယ်အဝတ်
တွေယူလိုက်ဦးမယ်..သွက်သွက်လုပ်"

"ဟုတ်ကဲ့ဦးဈာန်"

ခေါင်းလေးညိတ်ပြတဲ့မိုမို့ကိုထားခဲ့
ပြီး အခန်းလေးဆီကိုဦးတည်ခဲ့ရသည်။
နွေးနွေးထွေးထွေးဖြစ်စေမဲ့အဝတ်အစား
လေးကိုထုတ်ကာ ပြန်လာရသည်။

သူပြန်လာတော့ဘဲပေါက်လေးကအပြင်
ရောက်နေပြီ။ တဘက်လေးပတ်ထား
ပြီးရေသုတ်နေ၏။

ဖြူဖြူဖွေးဖွေးကိုယ်လုံးလေးကအူယား
စရာ။ဝဝဖြိုးဖြိုးလေးဆိုတော့ လုံးလုံးလေး
ဖြစ်နေသည်။

"ရော့ ထားဒါလေးဝတ်ထား"

"ဦးဈာန်လဲ ရေချိုးတော့..ရေစိုနေတယ်
မလား..ခုနက မိုးရေထဲထွက်လာတာ"

"အင်း..ကိုယ်လဲရေချိုးလိုက်ဦးမယ်..
အဝတ်လဲထနှင့်နော်..အအေးပတ်မယ်"

"ဟုတ်ဦးဈာန်..သွားသွား ရေချိုးတော့"

"ဟုတ်ပါပြီ"

မိုမိုလဲ သူရိန်ဈာန် ရေချိုးခန်းထဲဝင်သွား
ပြီးမှ အဝတ်အစားလဲလိုက်သည်။အဝတ်
အစားလဲပြီးအပေါ်ကဆွယ်တာလေးကို
ထပ်ဝတ်လိုက်တော့နွေးသွားသည်။

မှန်ထဲက ကိုယ့်ပုံကိုယ်ကြည့်ကာပြုံးလိုက်
၏။

ငါတော်တော်ချောတာပဲ။

TREASURE : BABY MOWhere stories live. Discover now