Extra 1 Sweet Morning

4K 279 10
                                    

"တီ... တီ... တီ..."

Alarmမြည်သံ​ကြောင့် Xiao Zhanတစ်​ယောက်
အိပ်ရာကနိုးလာခဲ့တယ်။

​မိမိ​ဘေးတွင် နှစ်ခြိုက်စွာ အိပ်​မောကျ​နေ​​သော
Wang Yiboဆို​သောအမျိုးသား​လေးကို
မြင်လိုက်ရ​တော့ ရင်ထဲတွင်
​နွေး​​​ထွေးမှု​လေးတစ်ခုကို ခံစားလိုက်ရသည်
ကိုယ်ချစ်တဲ့သူရဲ့ အိပ်​ပျော်​နေတဲ့မျက်နှာ​လေးကို

မနက်မိုးလင်းတာနဲ့ မျက်လုံးနှစ်လုံးဖွင့်ဖွင့်ချင်း
ပုံမှန် မြင်​နေရတာက တကယ့်ကို
ကြည်နူးစရာ​အ​ကောင်းဆုံးပဲမဟုတ်​ပေဘူးလား။

အရင်တုန်းက ဘယ်လိုပဲ အဖြူ​ရောင်ကိုကို​လေး
ဖြစ်ခဲ့ဖြစ်ခဲ့ အခုက သူ့ထက်ငယ်တဲ့ ​​
ကောင်​လေးတစ်​ယောက်ပဲ​လေ ငါ သူ့နားမှာ
ဒီလိုပဲ တစ်သက်လုံး​ပျော်​ပျော်ရွှင်ရွှင်​နေသွားနိုင်ပါ့မလားဟု XiaoZhanတစ်​ယောက်တည်း ​
လျှောက်​တွေး​နေမိသည်

မကြာခင်ပဲ Wang Yiboအိပ်ရာနိုးလာခဲ့သည်
သူ့ကို ​စူးစူးစိုက်စိုက်ကြည့်​နေတဲ့ ယုန်က​လေးကို
​တွေ့လိုက်ရ​တော့ ရုတ်တရက် အံ့သြသွားသည်
"ချစ်စရာ​လေး" ဟု စိတ်ထဲတွင် ​ရေရွတ်မိသည်

"အမ်"
Xiao Zhanရဲ့အံ့သြသွားတဲ့အသံ​လေး​ကြောင့်

"ဟင်" စိတ်ထဲမှာ​ပြောလိုက်​ပေမယ့်
သူကိုယ်တိုင်​တောင်မသိခင်ပဲ အသံထွက်​ပြီး
ပြောမိသွားတယ်ထင်သည်

မျက်နှာ​လေးရဲ​နေ​သော ယုန်က​လေးကို
ကြည့်ပြီး သူပိုစချင်လာသဖြင့်

"ယုန်က​လေး ကိုယ့်ကို နမ်းမလို့လား"

"အာ Wang Yibo မင်းဘာ​တွေ​ပြော​နေတာလဲ"

"မသိဘူး​လေ ယုန်က​လေးကကိုယ့်ကိုစိုက်ကြည့်​နေ​တော့ အိပ်​နေတုန်းခိုးနမ်းဖို့လုပ်​နေတာများလားလို့
အဲ့တာဆို ပြန်အိပ်လိုက်မယ်​လေ ​အေး​​ဆေးနမ်းပါ"

"မင်းရူး​နေလား ​ပေါက်ကရ​တွေ​ပြော​နေမယ့်အစား
​ကျောင်းသွားဖို့​ နောက်ကျ​နေပြီ ထ​တော့"

"ဘာထရမှာလဲဟင်"

Wang Yiboရဲ့ ပြုံးစိစိမျက်နှာထားနဲ့
​မေးလိုက်​​သော ​မေးခွန်း​ကြောင့် 
XiaoZhan​ခေါင်းထဲပူထူသွားပြီး မျက်နှာကပိုပြီး
ရဲလာ​တော့သည်

My Prince(Yibo❤️XiaoZhan) Zawgyi & UnicodeWhere stories live. Discover now