S2(3)​​​ကျေးဇူး

5.5K 519 13
                                    

[Zaw Gyi]

ဝမျရိပေါ်က သူ့ပေါ်ကရှောင်ကျန့်ကိုတွန်းထုတ်ပြီးနှုတ်ခမ်းချင်းထိကပ်နေသည်ကို
အမြန်ခွာလိုက်သည်

နှစ်ယောက်လုံး တစ်ယောက်မျက်နှာ
တစ်ယောက်မကြည့်ရဲကြပေ

ရှောင်ကျန့်ကတော့
ပိုင်စဲ့ကောကောက ၀မျရိပေါ်ဖြစ်နေကြောင်း
ပြန်မှတ်မိသွားသဖြင့် ပျော်ရတော့မလိုလို
သူ့ကိုမမှတ်မိတဲ့ ပုံစံနဲ့ ဝမ်ရိပေါ့်ကိုကြည့်ပြီး
စိတ်မကောင်းဖြစ်သလိုလို ခံစားနေရသည်

"ကျွန်တော့်အခန်းထဲက
မထွက်သွားသေးဘူးလား"

"သွားမှာပါ သွားပြီ"

အခန်းတံခါးနားရောက်တော့
ရှောင်ကျန့်က

"၀မျရိပေါ်"

"......."

"ကောင်းသောညပါ အိပ်မက်လှလှမက်ပါစေ"
ရှောင်ကျန့် အတတ်နိုင်ဆုံး
ရီပြပြီးချစ်စရာကောင်းတဲ့ပုံစံလေးနဲ့ပြောလိုက်သည်

ရှောင်ကျန့်စိတ်ထဲတွင်

ငါတစ်ယောက်တည်းမှတ်မိနေရမှာ
မတရားဘူးလေကွာ
အရင်ကလိုပဲ မင်းငါ့ကိုချစ်လာရမယ်
ပိုင်စဲ့ကောကော......

ရုတ်တရက် မျက်နှာအမူအရာတွေ
ပြောင်းသွားသည့် ရှောင်ကျန့်ကိုကြည့်ပြီး
ဝမျရိပေါ်တစ်ယောက် အခန်းထဲတွင်
ကြောင်တောင်တောင်နှင့်ရပ်နေမိသည်

..........................................................

ဒီလိုနဲ့ပဲ တစ်ပတ်ကျော်လောက်ကြာတဲ့ထိ
ဝမျရိပေါ်ကိုသူမတွေ့ရသေးဘူးဖြစ်သည်
မနက်ဆို ရှောင်ကျန့်မနိုးခင်
ဝမျရိပေါ်က ကျောင်းသွားနှင့်ပြီ
အပြန်လည်း ရှောင်ကျန့်ပြန်မရောက်ခင်
ရောက်နေတတ်ပြီး အခန်းတံခါးပိတ်ကာ
အပြင်ကိုလုံးဝမထွက်လာတော့ပေ

မနက်ခင်းတစ်ခု
ရှောင်ကျန့်ကျောင်းရောက်တော့
ဝမျရိပေါ်နဲ့ပတ်သတ်တဲ့သတင်းတွေ
ထပ်ကြားရပြန်သည်

စပ်စုစိန်ရန်လေးဆီက
တစ်ကျောင်းလုံးမှာဖြစ်သမျှသတင်းအကုန်
အမြဲကြားရပေမယ့် သူစိတ်မ၀င်စားခဲ့ပေ
အခုက ဝမ်ရိပေါ်နှင့်ပတ်သတ်သည်ဆိုသဖြင့်
သူနားထောင်နေရတာဖြစ်သည်

My Prince(Yibo❤️XiaoZhan) Zawgyi & UnicodeDonde viven las historias. Descúbrelo ahora