(19)လှပသောနေ့များရဲ့အဆုံး(Final)

9.4K 626 22
                                    

[Unicode]

မနက်ခင်းရဲ့ စူးရှတဲ့နေရောင်ခြည်က
အခန်းတစ်ခွင် ဖြာကျနေလေသည်
နေရောင်စူးစူးဒဏ်ကြောင့်
ရှောင်ကျန့်လည်း ဆက်အိပ်လို့မရတော့

အိပ်ရာမှထပီးမျက်လုံးမဖွင့်သေးပဲ
"ဒီလိုနှစ်နှသ်ခြိုက်ခြိုက် မအိပ်ရတာ
ကြာပြီပဲ" ဟု ရေရွတ်လိုက်သည်

မျက်လုံးဖွင့်ပီး ပတ်ဝန်းကျင်အခြေအနေကို
ပြန်အကဲခတ်မိတော့မှာ
ကုတင်ပေါ်မှ မိမိဘေးတွေ
နှစ်ခြိုက်စွာ အိပ်မောကျနေသော
ဝမ်ရိပေါ်ကိုတွေ့လိုက်ရသည်

မျက်နှာပေါ်တွင် ကျနေသော
ဆံပင်များကိုဖယ်ပေးပြီး
ဝမ်ရိပေါ်မျက်နှာလေးကို
သူငေးကြည့်နေမိသည်

မျက်နှာတစ်ခုလုံးအပြစ်ပြောစရာ
မရှိအောင် ချောရက်လွန်းသော
အနှီကောင်လေးသည်
မိမိအပိုင်ဟုတွေးမိရင်း
ဂုဏ်ဆာနေမိသည်

ရုတ်တရက်နိုးလာသော
ဝမ်ရိပေါ်သည်  တစ်ယောက်တည်းပြုံးနေသော
ရှောင်ကျန့်ရဲ့မျက်နှာလေးကို မျက်စိဖွင့်ဖွင့်ခြင်း
မြင်လိုက်ရသည်

"တစ်ယောက်တည်း ဘာတွေပြုံးနေတာလဲ
ယုန်ကလေး"

ထိုအခါမှ ရှောင်ကျန့်လည်း
အသိစိတ်ပြန်ဝင်ပြီး

"ဘယ်မှာပြုံးနေလို့လဲ မပြုံးပါဘူး
ကဲ ထတော့ ဝမ်အိပ်ပုတ်ရေ
ဒီလောက်အပျင်းကြီးမှန်းမသိခဲ့ဘူး"

"ကိုယ်ကအပျင်းမကြီးပါဘူး
ယုန်ကလေးဘေးမှာရှိတယ်ဆိုတဲ့စိတ်နဲ့
အိပ်ရတာ အရမ်းအိပ်လို့ကောင်းလို့ပါ"

"ကျွန်တော်ကတော့ အိပ်မပျော်ဘူးခင်ဗျ"

"ဘာလို့လဲ ယုန်ကလေး"

"မသိဘူး"

"ကိုယ်သိပြီ ကိုယ်ဘေးမှာရှိနေလို့
တစ်ညလုံးရင်တွေခုန်ပြီး အိပ်မရတာမလား"

ရှောင်ကျန့်သည် မိမိကိုစသည်ကို
မကြိုက်တာမို့
ခေါင်းအုံးယူပီး ဝမ်ရိပေါ်မျက်နှာအား
ကောက်ပေါက်လိုက်သည်

ဝမ်ရိပေါ်လည်းရုတ်တရက် မိမိမျက်နှာရှေ့
ရောက်လာသောခေါင်းအုံးကိုရှောင်ချိန်မရလိုက်
အရှိန်လည်းပြင်းတာကြောင့်
အိပ်ရာပေါ်ပြန်လဲသွားသည်

My Prince(Yibo❤️XiaoZhan) Zawgyi & UnicodeDonde viven las historias. Descúbrelo ahora