S2(2)First Kiss Again

7.6K 576 8
                                    

[Unicode]

တတိယနှစ်ရဲ့ ပထမဆုံးကျောင်းတက်တဲ့နေ့
ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးကတော့
အစောကြီးထွက်သွားသည်ထင်သည်
မနက် ရှောင်ကျန့် ကျောင်းသွားဖို့
အိမ်ကထွက်လာတဲ့အချိန် ရှာတော့မရှိတော့

"သူ့ဘာသာတစ်ယောက်တည်းသွားတာ
အဆင်ပြေပါ့မလားမသိဘူး
အာ ထားလိုက် ငါကဘာလို့လိုက်စိတ်ပူပေးရမှာလဲ
ငါကသူ့အမေလည်းမဟုတ်ပဲနဲ့"

တစ်ယောက်တည်းမြေအောက်ရထားပေါ်တွင်
အတွေးပေါင်းသောင်းခြောက်ထောင်တွေးပီး
နောက်ဆုံးတော့ကျောင်းကိုရောက်လာခဲ့သည်

အတန်းထဲရောက်တော့
​အတန်းထဲကလူတွေကသိပ်မစိမ်းနေ
မနှစ်ကမြင်ဖူးနေကျသူတွေပဲ ဖြစ်သည်

​"ရှောင်ကျန့်ရေ
မင်းရောက်လာသေးတယ်နော်"

"မြန်မြန်လာ ငါတို့နေရာဦးပေးထားတယ်"

မိမိကိုစကားလှမ်းပြောတဲ့သူတွေက
အခြားတော့မဟုတ်ပါဘူး
အထက်တန်းကျောင်းထဲကခင်လာတဲ့
သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့
ရှောင်ဖုန်းနဲ့ရန်လေးပါပဲ

နေရာတွင်ဝင်ထိုင်ပြီး
ခေါင်းထဲတွင်အတွေးတစ်ခုရုတ်တရက်ပေါ်လာခဲ့သည်
ရှောင်ဖုန်းနဲ့ရန်လေးက
ငါ့အိမ်မ က်ထဲကပဲ
ငါဘာလို့အိပ်မက ်ထဲမှာသူတို့ကို
မမှတ်မိခဲ့တာလဲ အား ရူးချင်လာပြီ
ဘာတွေလဲကွာ ပြန်တွေးတိုင်းခေါင်းကိုက်ပြီး
ခံစားချက်တွေမကောင်းသည်မို့
ရှောင်ကျန့်လည်းဆက် မတွေးတော့ရန်
ဆုံးဖြတ်လိုက်သည် ဆရာလည်းဝင်လာပြီဖစ်လို့
ဆက်တွေးချင်တောင် တွေးလို့မှမ ရတော့သည်ကို

နေ့လည်စာထမင်းစားချိန်ရောက်တော့
ရှောင်ဖုန်းနဲ့ရန်လေးက
ကျောင်းကန်တင်းကိုအတူသွားမည်ပြောသဖြင့်
ထွက်လာခဲ့သည်

​စာသင်ခန်းထဲက စထွက်လာတည်းက
လူတိုင်းပါးစပ်ဖျားမှာ နာမည်တစ်ခုက
ရေပန်းစားနေလေသည်
ကျောင်းကန်တင်းရောက်တဲ့ထိ
ထိုနာမည်ကိုကြားနေရတုန်းပင်ဖြစ်သည်

မိမိရင်းနှီးနေသောနာမည်ဖြစ်သဖြင့်
ရှောင်ကျန့်လည်းမိမိတို့စားပွဲနားမှ
မိန်းကလေးအချို့ပြောနေကြသည်ကို
အသာလေးနားထောင်နေမိသည်

My Prince(Yibo❤️XiaoZhan) Zawgyi & UnicodeWhere stories live. Discover now