(11)မိမိတကယ်ချစ်ရသူ

10.7K 1.2K 54
                                    

[ Zaw Gyi]
မွေးနေ့ပွဲပီးတော့
ဝမ်ရိပေါ်ကရှောင်ကျန့်ကို
သူ့နန်းဆောင်သို့်အတင်းဆွဲခေါ်သွားသည်

နန်းဆောင်ထဲရောက်တော့
"ရှောင်ကျန့် ငါ့ကိုကြည့်
ငါ့အမိန့်ကိုမင်းငြင်းပိုင်ခွင့်မရှိဘူး"

"ကျနော်မှားမှန်းသိပါတယ်
ဒါပေမယ့် ဒီလိုကြီးကအဆင်မပြေဘူးလေ
ကျနော်တကယ်အဆင်မပြေဘူး"

"ဘာလို့လဲ"

"ကျနော် လက်မထပ်ချင်သေးဘူး"

"အဲ့ဒါကကိစ္စမရှိပါဘူး
အခုချက်ချင်းလက်ထပ်တော့မှာမှ
မဟုတ်တာပဲ"

"ဒါပေမယ့်
ကျနော်က ယောက်ျားလေးလေ"

"ယောက်ျားလေးဖြစ်တာနဲ့ပဲ
ငါကမင်းကိုလက်ထပ်လို့်မရဘူးလား"

"မရဘူးလေ"

"ဘာလို့လဲ"

"ဘာကိုဘာလို့လဲ လဲ
ကျနော်လည်းမပြောတတ်ဘူးလေ"

"ရှောင်ကျန့် ငါ့ကိုမှန်မှန်ပြော
မင်းငါ့ကိုလက်မထပ်ချင်တဲ့အကြောင်းရင်း
ရှိလား"

"အင်း ရှိတယ်"

"အဲ့ဒါဘာလဲ ငါ့ကိုပြော"

"ကျနော်မင်းသားလေးကိုမချစ်ဘူးထင်တယ်"

ရှောင်ကျန့်၏အဖြေကြောင့်
ဝမ်ရိပေါ်ရင်ထဲတင်းကြပ်သွားရ၏

သူ့မှာတော့ရှောင်ကျန့်ကို
အရမ်းချစ်မိသွား၍
တစ်သက်လုံးထိန်းသိမ်းလာခဲ့တဲ့
အရာတွေပါစွန့်လွှတ်ခဲ့ရခြင်းဖြစ်သည်

ဘုရင်ကြီးနဲ့လက်ဝဲအမတ်ဆီ
ကိုယ်တိုင်သွားပီး
ရှောင်ကျန့်နဲ့လက်ထပ်ခွင့်ပေးဖို့
တောင်းဆိုခဲ့သည်

မဖြစ်နိုင်ဘူးလို့ငြင်းကြပေမယ့်
ဝမ်ရိပေါ်လက်မလျှော့ပဲ
နည်းမျိုးစုံသုံးပြီး
တောင်းဆိုခဲ့ရတာဖြစ်သည်

ငယ်ငယ်တည်းက
ဘာတစ်ခုမှမတောင်းဆိုဖူးပဲ
အရမ်းအနေအေးတဲ့
သားတော်လေးက
အခုလို တွေ ဖြစ်နေသည်ကို
မကြည့်ရက်လွန်းတော့၍
ဘုရင်ကြီးလည်းခွင့်ပြုပေးလိုက်ရတာဖြစ်သည်

တစ်ဖက်ကကလေးကလည်း
မိမိသူငယ်ချင်းရဲ့သားလိမ္မာလေးဖြစ်၍
မငြင်းဆန်ချင်တော့ပေ

My Prince(Yibo❤️XiaoZhan) Zawgyi & UnicodeDonde viven las historias. Descúbrelo ahora